BTS ရဲ့အမှတ်တရပစ္စည်းဝယ်ယူဖို့ သောင်းချီတဲ့လူအုပ်ကြီး Sofi အားကစားကွင်းမှာစောင့်ဆိုင်းနေ
၁ကီလိုမီတာလောက်ရှိတဲ့ လူအုပ်ကြီးဟာ အမေရိကန်မှာရှိတဲ့ Sofi အားကစားကွင်းအပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ပုံကို မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ရက်နေ့ နံနက်အစောပိုင်းက သောင်းချီရှိတဲ့ BTS ပရိတ်သတ်တွေဟာ Sofi အားကစားကွင်းမှာ BTSရဲ့ အမှတ်တရပစ္စည်းတွေဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတာပါ။
BTS အမှတ်တရပစ္စည်းများ ကြိုတင်ရောင်းချမှုကို ဖျော်ဖြေပွဲမတိုင်ခင် ၁ရက်အလိုမှာ ရောင်း ချခဲ့ပြီး ၄င်းပစ္စည်းတွေကိုဝယ်ယူဖို့ တန်းစီနေတဲ့ လူတန်းကြီးဟာ ၁ကီလိုမီတာတောင် ကျော် နေပါတယ်။
BTS ပရိသတ်တစ်ယောက်က “ညနေ ၄နာရီကတည်းကလာစောင့်နေတာ ၊ခုစောင့်နေတာ ၃ နာရီရှိပြီ။ဒါပေမယ့် ဒီပစ္စည်းတွေကို ဘယ်အချိန်ဝယ်လို့ရမလဲဆိုတာ သေချာမသိသေးဘူး။
မှောင်လာတာနဲ့အမျှ လူအရေအတွက်က တိုးလာနေတာဆိုတော့ ၁၂နာရီမထိုးခင်မှာ ပစ္စည်းတွေ ဝယ်လို့ ရနိုင်ပါ့မလားမသိဘူး” လို့ ပြောပါတယ်။
လော့စ်အိန်ဂျလိစ်မှာကျင်းပမယ့် BTS ရဲ့ Live Show အတွက် ပရိသတ်တွေဟာ စိတ်လှုပ်ရှားနေကြပါတယ်။
BTS အဖွဲ့ဟာ နိုဝင်ဘာ ၂၇၊၂၈ နဲ့ဒီဇင်ဘာ ၁၊၂ တို့တွင် လော့စ်အိန်ဂျလိစ်မှာ ဖျောဖြေပွဲ ၄ပွဲကျင်းပမှာပါ။
Zaw Gyi
BTS ရဲ့အမွတ္တရပစၥည္းဝယ္ယူဖို႔ ေသာင္းခ်ီတဲ့လူအုပ္ႀကီး Sofi အားကစားကြင္းမွာေစာင့္ဆိုင္းေန
၁ကီလိုမီတာေလာက္ရွိတဲ့ လူအုပ္ႀကီးဟာ အေမရိကန္မွာရွိတဲ့ Sofi အားကစားကြင္းအျပင္ဘက္မွာ ေစာင့္ဆိုင္းေနတဲ့ပုံကို မီဒီယာတစ္ခုက ေဖာ္ျပခဲ့ပါတယ္။
နိုဝင္ဘာ ၂၆ရက္ေန႔ နံနက္အေစာပိုင္းက ေသာင္းခ်ီရွိတဲ့ BTS ပရိတ္သတ္ေတြဟာ Sofi အားကစားကြင္းမွာ BTSရဲ့ အမွတ္တရပစၥည္းေတြဝယ္ဖို႔ တန္းစီေစာင့္ဆိုင္းေနၾကတာပါ။
BTS အမွတ္တရပစၥည္းမ်ား ႀကိဳတင္ေရာင္းခ်မွုကို ေဖ်ာ္ေျဖပြဲမတိုင္ခင္ ၁ရက္အလိုမွာ ေရာင္း ခ်ခဲ့ၿပီး ၄င္းပစၥည္းေတြကိုဝယ္ယူဖို႔ တန္းစီေနတဲ့ လူတန္းႀကီးဟာ ၁ကီလိုမီတာေတာင္ ေက်ာ္ ေနပါတယ္။
BTS ပရိသတ္တစ္ေယာက္က “ညေန ၄နာရီကတည္းကလာေစာင့္ေနတာ ၊ခုေစာင့္ေနတာ ၃ နာရီရွိၿပီ။ဒါေပမယ့္ ဒီပစၥည္းေတြကို ဘယ္အခ်ိန္ဝယ္လို႔ရမလဲဆိုတာ ေသခ်ာမသိေသးဘူး။
ေမွာင္လာတာနဲ႔အမၽွ လူအေရအတြက္က တိုးလာေနတာဆိုေတာ့ ၁၂နာရီမထိုးခင္မွာ ပစၥည္းေတြ ဝယ္လို႔ ရနိုင္ပါ့မလားမသိဘူး” လို႔ ေျပာပါတယ္။
ေလာ့စ္အိန္ဂ်လိစ္မွာက်င္းပမယ့္ BTS ရဲ့ Live Show အတြက္ ပရိသတ္ေတြဟာ စိတ္လွုပ္ရွားေနၾကပါတယ္။
BTS အဖြဲ႕ဟာ နိုဝင္ဘာ ၂၇၊၂၈ နဲ႔ဒီဇင္ဘာ ၁၊၂ တို႔တြင္ ေလာ့စ္အိန္ဂ်လိစ္မွာ ေဖ်ာေျဖပြဲ ၄ပြဲက်င္းပမွာပါ။