Looking for something?

Explore the website

Looking for something?

Saturday, May 17, 2025

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA...

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊...

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင်...
HomeNewsLocal NewsBRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို မြန်မာနိုင်ငံဘက်မှ...

BRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လို

နစက ဥက္ကဋ္ဌ၏ ဇနီးသည် မေ ၈ ရက်နံနက်ပိုင်း၌ပင် BRICS အမျိုးသမီးစီးပွားရေးမဟာ မိတ်အဖွဲ့ ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို​​တွေ့ဆုံမှုတွင် မစ္စအန်နာက
မကြာခင်ပြုလုပ်မည့် BRICS Forum တွင် အစိုးရနှင့်စီးပွားရေး နယ်ပယ်စုံက အမျိုးသမီးတွေ ပါဝင်မှာဖြစ်​ကြောင်း၊မြန်မာနဲ့ ပတ်သက်၍ပညာရေး၊ခရီးသွား လုပ်ငန်း များတွင်ပူးပေါင်းပါကမြန်မြန်ဆန်ဆန်တိုးတက်နိုင်​ကြောင်း၊အဆိုပါကဏ္ဍများတွင် အမျိုးသမီးများခြင်းကြောင့်ထို ကဏ္ဍကို ပိုဦးစားပေးပြီး လုပ်ဆောင်သင့်​ကြောင်း၊ ပညာရေးနဲ့ စာရင်းအင်းကဏ္ဍများရှိ ၄၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၄င်းတို့ အခွင့်အရေးကို ပိုမိုရရှိအောင် ဆောင်ရွက်ပေးသွားဖို့ လုပ်ဆောင်နေကြ​ကြောင်း၊

ဘရစ်အဖွဲ့ဝင်နိုင်ငံများဖြစ်​သော
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊တရုတ်၊​တောင်အာဖရိကတို့မှအမျိုးသမီးများဖြင့်ဖွဲ့စည်းပါဝင်​ကြောင်း၊နိုင်ငံတကာတွင်အောင်မြင်နေ​သော လုပ်ငန်းရှင်အမျိုးသမီး များကို ကြိုဆိုလျက်ရှိ ​ကြောင်း၊ဘရစ်အနေနဲ့ ပညာရေး၊ ကျန်းမာရေး ၊ခရီးသွားလုပ်ငန်း၊ IT လုပ်ငန်းများအား အလေးပေး အာရုံပြုပြီးလုပ်ဆောင်​နေ​ကြောင်း၊အမျိုးသမီးစီးပွါးရေး စွန့်ဦးတီထွင်သူများကိုလည်း အမှတ်ပေးပြိုင်ပွဲ ရှိပြီး အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးများအပြင်အခြား စိတ်ဝင်စားသူများလည်း ပါဝင်လိုကြောင်း စာရင်းပေးထား​နေကြ​ကြောင်း၊BRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို ကမ္ဘာ့နိုင်ငံများတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လိုသဖြင့် မြန်မာနိုင်ငံဖက်မှလည်း ကူညီပေးစေလို​ကြောင်း ​ပြောကြားခဲ့သည်။

နစက ဥက္ကဌ၏ ဇနီး ဒေါ်ကြူကြူလှဖက်ကလည်း အမျိုးသမီးစွန့်ဦး တီတွင်မှုအခန်းကဏ္ဍကိုမြင့်တင်လို၍လာရောက်တွေ့ဆုံခြင်းဖြစ်​ကြောင်း၊
အရေးပါ​သော ယန္တရားတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာတွေ့ရသဖြင့် လေးစား​ကြောင်း၊မြန်မာကလည်း BRICS အဖွဲ့ဝင်ဖြစ်​ရေး အလှည့်ကျ ဥက္ကဋ္ဌထံ လျှောက်ထား ပြီးဖြစ်​ကြောင်း၊ မိတ်ဖက်အဖြစ် ဆန္ဒရှိသဖြင့် BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကူညီပေးစေလိုကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအ​နေဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသာမက အခြားသော လှုမှုရေးအသင်းအဖွဲ့များကလည်း ဆောင်ရွက်နေ​ကြောင်း၊ကမ္ဘာ့ရေးရာမှာလည်း အမျိုးသမီးများကဏ္ဍကို အသိအမှတ်ပြုအားပေးရမည့်အချိန်ရောက်နေ​ကြောင်း ခံယူထား၊
ယခုလို အမျိုးသမီးစွန့်ဦးတီထွင်သူများကဏ္ဍတွင်တာဝန်များကို အောင်မြင်စွာထမ်းဆောင်​နေ​သော အမျိုးသမီးအတွက် ဂုဏ်ယူပါ​ကြောင်း၊ အနာဂတ်မှာလည်း ကျန်းမာပျော်ရွှင်စွာ အဆင့်မြင့်တာဝန်များထမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းခြင်း၊၇၇ နှစ်တိုင်လာပြီဖြစ်သည့် နှစ်နိုင်ငံ သံတမန်ချစ်ကြည်ရေးကိုလည်း ဆက်လက်ခိုင်မြဲအောင်လုပ်ဆောင်သွားမည်ဖြစ်​ကြောင်း၊မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလ ပထမဆုံး သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများတွင် ရုရှားနိုင်ငံ ပါဝင်သဖြင့် ရုရှားနိုင်ငံနှင့်ကဏ္ဍအရပ်ရပ်မှာ ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြား​ဆွေး​နွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နစက ဥက္ကဋ္ဌ၏ ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)၏ ဇနီး ​ဒေါ်နန်းကူးကူ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဒု-ဥက္ကဋ္ဌဒေါ်ခင်မေစိုး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီး၊စစ်သံမှူး ဇနီး တို့တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။ “ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့က...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်၍ ဆောင်ရွက်ဆဲလက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၃)ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိအခြေခံပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်း(၉၇၁)ဦးဖန်...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်"စက်လှေပေါ်မှ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁) နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ်(၃၁)အိတ်ဖြင့်ထည့်ထားသောI CE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဧပြီ ၂၇ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် (၁၈၀)ခန့်အကွာပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း (၅၄)နှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071