ပေကျင်း၊ ဇွန် ၁၆
BRICS မိတ်ဖက်နိုင်ငံအဖြစ် ဗီယက်နမ်ကို တရုတ်က ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
BRICS အလှည့်ကျ ဥက္ကဋ္ဌ ဘရာဇီးက ဗီယက်နမ်ကို မိတ်ဖက်နိုင်ငံအဖြစ် သောကြာနေ့က တရားဝင် လက်ခံလိုက်ပြီဆိုသော သတင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ပြောရေးဆိုခွင့်ရှိသူ ဂေါင်ဂျီယာခွန် က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
BRICS တွင် မိတ်ဖက်နိုင်ငံအဖြစ် ဗီယက်နမ်၏ ပူးပေါင်းပါဝင်မှုသည် ၎င်းနိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုကိုသာမက BRICS နှင့် ကမ္ဘာ့တောင်ခြမ်း၏ ဘုံအကျိုးစီးပွားများနှင့်လည်း လိုက်လျောညီထွေ ဖြစ်စေသည့်အတွက် တရုတ်က ကြိုဆိုကြောင်း ဂေါင်က ပြောကြားခဲ့သည်။
ဗီယက်နမ်သည် BRICS ယန္တရားအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
BRICS အဖွဲ့အတွက် မိတ်ဖက်အသစ်သည် အဖွဲ့အစည်း၏ ကိုယ်စားပြုမှုကို ပိုမိုချဲ့ထွင်ကာ အဖွဲ့၏ ဆွဲဆောင်နိုင်မှုနှင့် သြဇာလွှမ်းမိုးမှုကို မီးမောင်းထိုးပြထားပြီးဖြစ်သည်။ ဂေါင်က တရုတ်နိုင်ငံသည် ပိုမိုကျယ်ကျယ်ပြန့်ပြန့်နှင့်၊ နီးနီးကပ်ကပ်၊ လက်တွေ့ကျပြီး အားလုံးပါဝင်သော မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရန်အသင့်ဖြစ်နေပြီး၊ “BRICS Plus” ပူးပေါင်းဆောင်ရွက်မှု၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးအများပြည်သူအဖွဲ့အစည်း ကိုထောက်ခံကာ မျှတသော၊ ဘက်စုံဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ကာကွယ်ပေးရန် ပိုမိုကြီးမားသော စနစ်တစ်ခုအနေဖြင့် တစ်စုတစ်စည်းထဲ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
