ရီယိုဒီဂျနေးရိုးလ်၊ဇန်နဝါရီ ၃
ဘရာဇီးလ်သည် ယခုနှစ်အတွက် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမည်ဖြစ်ရာ BRICS ထိပ်သီးအစည်းအဝေးအပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် လှုပ်ရှားမှုများနှင့် စီမံချက်များအားလုံးကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြထားသည်။
ယခုအသစ်ဖွဲ့စည်းလိုက်သောကော်မတီသည် BRICS နှင့်ပတ်သက်ဆက်စပ်သည့် စီမံချက်များနှင့်လှုပ်ရှားဆောင်ရွက်မှုများ၊ပွဲလမ်းသဘင်များအတွက် အဖွဲ့အစည်းဆိုင်ရာနှင့်ငွေကြေးဆိုင်ရာအကူအညီများ ကို ပေးအပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လတ်တလောဆုံးဖြတ်ချက်များအရ ဖေဖော်ဝါရီနှင့်ဇူလိုင်ကြားတွင် အစည်းအဝေးပေါင်း ၁၀၀ ကျော်ကို ကျင်းပပြသွားရန်ရည်ရွယ်ထားသော်လည်း BRICS ထိပ်သီးအစည်းအဝေးတစ်ခုတည်းကိုသာ ရီယိုဒီဂျနေးရိုးလ်၌ကျင်းပရန် အတည်ပြုထားကြောင်းသိရသည်။
BRICS ထိပ်သီးအစည်းအဝေးကို ရီယိုဒီဂျနေးရိုးလ်၌ကျင်းပခြင်းအားဖြင့် ရီယိုမြို့ကိုဘရာဇီးလ်၏နိုင်ငံတကာပွဲများအတွက်အချက်အခြာအဖြစ်သတ်မှတ်ပေးနိုင်မည်ဖြစ်ကာ သံခင်းတမန်ခင်းနှင့်နိုင်ငံတကာဆက်ဆံရေးကိုမြှင့်တင်ရာ၌လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းဖော်ပြထားသည်။
Source : ရှင်းဟွာ