ဘီလီအိုင္းလစ္ရွ္သီဆိုထားတဲ့ ဂ်ိမ္းစ္ဘြန္းွဇာတ္ကားသစ္ရဲ့ ဇာတ္၀င္ေတး You were never on my side အြန္းလိုင္းမွတစ္ဆင့္ နားဆင္ႏိုင္ၿပီ
#Zawgyi
ဂ်ိမ္းစ္ဘြန္းဇာတ္ကားသစ္ No Times To Die ရဲ့ အဓိကဇာတ္၀င္ေတးျဖစ္တဲ့ You were never on my side သီခ်င္းကို ေဖေဖာ္၀ါရီ ၁၄ရက္ေန႔က အြန္လိုင္းကေန ထုတ္လႊင့္လိုက္ၿပီျဖစ္ပါတယ္။ ဆက္လက္ၿပီးလည္း အြန္လိုင္းကေန တစ္ဆင့္ အခမဲ့နားဆင္ခြင့္ ရေနဦးမယ္လို႔လည္း သိရပါတယ္။
သီခ်င္းရဲ့ ပံုစံကေတာ့ ျမဴးၾကြတဲ့ပံုစံမ်ဳိးမဟုတ္ဘဲ စြဲစြဲငင္ငင္နဲ႔ လွ်ဳိ႕လွ်ဳိ႕၀ွက္၀ွက္သီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္အျဖစ္ နားဆင္ၾကရမွာပါ။ ဒီတစ္ေခါက္ဂ်ိမ္းစ္ဘြန္းဇာတ္ကားအတြက္ ဇာတ္၀င္ေတးကို ဘယ္သူဖန္တီးမွာလည္းဆိုတဲ့ကိစၥကလည္း ဂ်ိမ္းစ္ဘြန္းပရိသတ္ေတြအတြက္က ေတာ္ေတာ့္ကို အေရးပါတဲ့ ကိစၥတစ္ခုလို ျဖစ္ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္လယ္ေလာက္ကတည္းက အဆိုေတာ္ ဘီလီအိုင္းလစ္ရွ္ကို ေရြးခ်ယ္ထားတယ္ဆိုတဲ့သတင္း စထြက္လာကတည္းက ဂ်ိမ္းစ္ဘြန္းပရိသတ္ေတြရဲ့ ဘ၀င္မက်တဲ့ေတြက်ယ္က်ယ္ေလာင္ေလာင္ ထြက္လာခဲ့ၾကပါတယ္။ အေၾကာင္းက ၂၀၁၉ မွာ ဘီလီအိုင္းလစ္ရွ္ဆိုတဲ့ အဆိုေတာ္မေလးက အသက္ ၁၇ ႏွစ္သာသာပဲ ရွိေနေသးၿပီး အရမ္းကို ေက်ာ္ၾကားသူလည္း မဟုတ္ျပန္ပါဘူး။
ဒါပင္မဲ့လည္း အခုေတာ့ အဲဒီအသံေတြက လံုး၀ကို တိတ္ဆိတ္လို႔သြားခဲ့ရၿပီျဖစ္ပါတယ္။ ဘာေၾကာင့္ဆို ၿပီးခဲ့တဲ့ သီတင္းပတ္ကပဲ က်င္းပၿပီးစီးသြားခဲ့တဲ့ ၆၂ ႀကိမ္ေျမာက္ ဂရမ္မီဂီတဆုႏွင္းသဘင္ႀကီးမွာ ၁၈ႏွစ္သမီး အဆိုေတာ္မေလး ဘီလီအိုင္းလစ္ရွ္တစ္ေယာက္ ဂရမ္မီဆုႀကီးေလးဆုကို ေပြ႕ပိုက္သိမ္းယူသြားခဲ့လို႔ ဂီတသမိုင္းစာမ်က္ႏွာတစ္ခုအျဖစ္ပါ မွတ္တမ္းသစ္ ေရးထိုးသြားႏိုင္ခဲ့ပါတယ္။ ဂ်ိမ္းစဘြန္းပရိသတ္ေတြကလည္း ဇာတ္ကားဒါရိုက္တာနဲ႔ထုတ္လုပ္သူတုိ႔ရဲ့ လာဘ္ျမင္မႈကို မခ်ီးက်ဳးဘဲမေနႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ အခုေတာ့ အားလုံး You were never on my side ကို အလုအယက္ နားေထာက္ေနၾကၿပီလို႔ သိရပါတယ္။
Ref : BBC
#Unicode
ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် No Times To Die ရဲ့ အဓိကဇာတ်ဝင်တေးဖြစ်တဲ့ You were never on my side သီချင်းကို ဖေဖော်ဝါရီ ၁၄ရက်နေ့က အွန်လိုင်းကနေ ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အွန်လိုင်းကနေ တစ်ဆင့် အခမဲ့နားဆင်ခွင့် ရနေဦးမယ်လို့လည်း သိရပါတယ်။
သီချင်းရဲ့ ပုံစံကတော့ မြူးကြွတဲ့ပုံစံမျိုးမဟုတ်ဘဲ စွဲစွဲငင်ငင်နဲ့ လျှို့လျှို့ဝှက်ဝှက်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်အဖြစ် နားဆင်ကြရမှာပါ။ ဒီတစ်ခေါက်ဂျိမ်းစ်ဘွန်းဇာတ်ကားအတွက် ဇာတ်ဝင်တေးကို ဘယ်သူဖန်တီးမှာလည်းဆိုတဲ့ကိစ္စကလည်း ဂျိမ်းစ်ဘွန်းပရိသတ်တွေအတွက်က တော်တော့်ကို အရေးပါတဲ့ ကိစ္စတစ်ခုလို ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်လယ်လောက်ကတည်းက အဆိုတော် ဘီလီအိုင်းလစ်ရှ်ကို ရွေးချယ်ထားတယ်ဆိုတဲ့သတင်း စထွက်လာကတည်းက ဂျိမ်းစ်ဘွန်းပရိသတ်တွေရဲ့ ဘဝင်မကျတဲ့တွေကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ကြပါတယ်။ အကြောင်းက ၂၀၁၉ မှာ ဘီလီအိုင်းလစ်ရှ်ဆိုတဲ့ အဆိုတော်မလေးက အသက် ၁၇ နှစ်သာသာပဲ ရှိနေသေးပြီး အရမ်းကို ကျော်ကြားသူလည်း မဟုတ်ပြန်ပါဘူး။
ဒါပင်မဲ့လည်း အခုတော့ အဲဒီအသံတွေက လုံးဝကို တိတ်ဆိတ်လို့သွားခဲ့ရပြီဖြစ်ပါတယ်။ ဘာကြောင့်ဆို ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ကျင်းပပြီးစီးသွားခဲ့တဲ့ ၆၂ ကြိမ်မြောက် ဂရမ်မီဂီတဆုနှင်းသဘင်ကြီးမှာ ၁၈နှစ်သမီး အဆိုတော်မလေး ဘီလီအိုင်းလစ်ရှ်တစ်ယောက် ဂရမ်မီဆုကြီးလေးဆုကို ပွေ့ပိုက်သိမ်းယူသွားခဲ့လို့ ဂီတသမိုင်းစာမျက်နှာတစ်ခုအဖြစ်ပါ မှတ်တမ်းသစ် ရေးထိုးသွားနိုင်ခဲ့ပါတယ်။ ဂျိမ်းစဘွန်းပရိသတ်တွေကလည်း ဇာတ်ကားဒါရိုက်တာနဲ့ထုတ်လုပ်သူတို့ရဲ့ လာဘ်မြင်မှုကို မချီးကျုးဘဲမနေနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အခုတော့ အားလုံး You were never on my side ကို အလုအယက် နားထောက်နေကြပြီလို့ သိရပါတယ်။
Ref : BBC
Photo Source : Internet