မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ (၂၀၀,၀၀၀)လှူဒါန်းခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒါကာမြို့သို့ ဇူလိုင် ၁၃ ရက်က လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမိုးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
