Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeNewsLocal NewsAsian Games တွင်...

Asian Games တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားများနှင့် နည်းပြများ ADEL Certificate ဝင်ရောက်ဖြေဆိုရန်လိုအပ်ဟု MADO တိုက်တွန်း

လာမည်နှစ်အတွင်း ကျင်းပပြုလုပ်မည့် Asian Games တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားများနှင့် နည်းပြများအနေဖြင့် Anti Doping Education and Learning -ADEL Certificate ရရှိရန် မဖြစ်မနေဝင်ရောက်ဖြေဆိုရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း (MADO)က တိုက်တွန်းထားသည်။

Asian Games ဆိုသည်မှာ အာရှတွင်အကြီးဆုံး အားကစားပြိုင်ပွဲတခုဖြစ်ပြီး ADEL Certificate ဆိုသည်မှာအားက စားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲမှုvစည်းမျဉ်းစည်းကမ်းများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် တက်ရောက်ရမည့် သင်တန်းတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်မှ အော က်တိုဘာလ(၄)ရက်အထိ Aichi-Nagoya မြို့၌ ကျင်းပပြုလုပ်မည့်(၂၀)ကြိမ်မြောက် Asian Games တွင်ယှဉ်ပြိုင်ကြမည့် ကစားသမားများအနေဖြင့် ADEL-Anti Doping Education and Learning online platform တွင် International Level Athlete (ILA) e- learning course နှင့်အတူ TAME Myanmar ကို သင်ယူပြီးမြောက်ရန်လိုအပ်ကြောင်း သိရသည်။

ထို့ပြင် နည်းပြများအနေဖြင့်လည်း Coaches High Performance (CHP) e-learning course ကို သင်ယူပြီးမြောက်ရန်လိုအပ်ပြီး သင်ယူပြီးမြောက်ကြောင်း Certificate များကိုလည်း Online Accreditation ပြုလုပ်ရာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သောကြောင့် မဖြစ်နေတက်ရောက်ကြရန် လိုအပ်ကြောင်း MADO က ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။ ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071