ထိုင်းနိုင်ငံတွင် ကျင်းပမည့် Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကစားသမား (၄)ဦးမှာ တရုတ်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို မတ်လ (၈)ရက်၌ ဘန်ကောက်မြို့ World Siam Stadium တွင် ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာကစားသမား (၄) ဦးမှာ ဝိတ်တန်း(၄)တန်းတွင် ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
မြန်မာကစားသမား နေထက်အောင်အနေဖြင့် (၁၂၂) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Jun Luo နှင့် ထိုးသတ်မည်ဖြစ်သလို မျိုးခန့်ကျော်က (၁၄၀) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Gaocong Ding နှင့်လည်းကောင်း၊ နိုင်ဝင်းထွန်းက (၁၅၄) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Chen Zhao နှင့် လည်းကောင်း၊ ဗန်လသော်က (၁၁၈)ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Gui Ming Li နှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာဘောက်ဆင်သမားများအနေဖြင့် လေ့ကျင့်ပြင်ဆင်လျှက်ရှိပြီး ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့၌ ကျင်းပပြုလုပ်မည့် ဘောက်ဆင်ပွဲများတွင်လည်း မြန်မာကစားသမား (၁၅)ဦးခန့် ပါဝင်ယှဉ်ပြိုင်ရန် MBC က စီစဉ်လျှက်ရှိကြောင်း သိရသည်။
