မနက်ဖြန် ဩဂုတ်လ (၁၃) ရက် ၊ ည (၇) နာရီအချိန်မှာ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN Women’s Ch ampionship အုပ်စု နောက်ဆုံးပွဲတက်ရောက်ရေး မြန်မာအ သင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ် သည်။
ယင်းအတွက် ယနေ့ ဩဂုတ်လ (၁၂) ရက် ညနေပိုင်းတွင် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းမှာ လေ့ကျင့်မှုများ ပြု လုပ်နေလျက်ရှိသည်။
မြန်မာအမျိုးသမီး အသင်းသည် အုပ်စုအဖွင့် ပွဲစဉ်တွင် ဩစတြေးလျအသင်း နှင့် ဒုတိယ အုပ်စုပွဲစဉ်တွင် တီမောအသင်းတို့ကို အနိုင်ကစားထားနိုင်ခဲ့သည်။
မနက်ဖြန် ယှဉ်ပြိုင်မည့် ဖိလစ်ပိုင်နှင့်ပွဲစဉ်တွင် အနိုင် (သို့မ ဟုတ် )သရေ ရလဒ်ထွက်ပေါ်ပါက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားမည်ဖြစ်သလို ဂိုးကွာခြားချက် တစ်ဂိုးထက်ပို မရှုံးခဲ့ပါက အုပ်စုပထမဖြင့် တက်လှမ်းနိုင်မည်ဖြစ် သည်။
ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအမျိုးသမီးအသင်းတွင် ပါဝင်သည့် တိုက်စစ်မှူး မေထက်လူနှင့်အခြားသော ကစားသမားအချို့ပွဲမထုတ်လာခြင်းအပေါ် မြန်မာဘောလုံးပရိတ်သတ်အကြား ဝေဖန်မှုများ မြင့်တက်နေသည်။
