Monday, June 23, 2025

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို...

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ...

ပြည်မြို့ကိုဗဟိုပြု၍ အင်အား ၃ ဒသမ...

ပဲခူးတိုင်း၊ ပြည်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၆ နာရီ ၃၂...

ဂျပန်တွင် ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့...

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE...

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ...
HomeInternationalAsean All Stars...

Asean All Stars အသင်းနှင့် ခြေစစ်ပွဲကစားမည့် မန်ချက်စတာ ယူနိုက်အသင်း မလေးရှားသို့ ထွက်ခွာ

Asean All Stars အသင်းနှင့် ခြေစစ်ပွဲကစားမည့် မန်ချက်စတာ ယူနိုက်အသင်းသည် ယနေ့ မေ (၂၆)ရက်တွင် မလေးရှားလေကြောင်းလိုင်းဖြင့် မလေးရှာနိုင်ငံ ၊ ကွာလာလမ်ပူမြို့သို့ ထွက်ခွာလာပြီဖြစ်ကြောင်း အသင်းက အသိပေးထားသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျာလီကွင်းတွင် မေလ (၂၈)ရက်၌ Asean All Stars အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲကစားသွားကြမည်ဖြစ်သည်။

ယခု ထွက်ခွာလာသည့် မန်ချက်စတာယူနိုက်တက်အသင်းတွင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွယ်ယား၊ အိုနာနာ၊ ကက်စမီးရိုး စသည့်လက်ရွေးစင် ကစားသမားများ ပါဝင်လာသည်ကို တွေ့ရသည်။

မန်ချက်စတာယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစားမည့် Asean All Stars အသင်းတွင် မြန်မာ့လက်ရွေးအသင်းမှ မောင်မောင်လွင် ပါဝင်ကစားသွားမည်ဖြစ်သည်။

ASEAN-All Stars အသင်းတွင် မြန်မာဗီယက်နမ်၊ တီမောနှ င့် ကမ္ဘောဒီးယားစသည့် အာဆီယံ နိုင်ငံပေါင်း (၁၂) နိုင်ငံမှ လက်‌ရွေးစင်ကစားများကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ရွေးချယ်ခေါ်ယူ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုသို့ ရွေးချယ်ရာ၌ ဗီယက်နမ်နိုင်ငံ လက်ရွေးစင်အသင်းမှ ငုယင်ဟောင်ဒက်၊ ငုယင်ကွမ်ဟိုင်နှင့် ဒိုဒိုင်မန် ၊ တီမောနိုင်ငံလက်ရွေးစင်အသင်းမှ ဂျာအိုပီဒရို၊ ကမ္ဘောဒီးယားနိုင်ငံ လက်ရွေးစင်အသင်းမှ ကမ်မိုနှင့် နက်တို၊ မြန်မာနိုင်ငံ လက် ရွေးစင်အသင်းမှ ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့ကို ရွေးချယ်ထားခြင်းခံထားရခြင်း ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည် ယမန်နေ့ညက ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဥ်တွင် အက်စတန်ဗွီလာ အ သင်းနှင့် ကစားခဲ့ကြကာ (၂)ဂိုးပြတ်ဖြင့် အနိုင်ရရှိထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့ကြောင်း အီရန်ပြောကြား

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ နျူကလီးယားစခန်းတွေဆီက နျူကလီးယားယိုစိမ့်မှုမျိုးမတွေ့ရဘူးလို့လဲ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA) က ဆိုပါတယ်။ Isfahan ဒေသ ဒုတိယလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးအုပ်ချုပ်ရေးမှူးက Isfahan နဲ့ Natanz နျူကလီးယားစခန်းတွေအနီး တိုက်ခိုက်မှုတွေကို အတည်ပြုခဲ့တယ်လို့ IRNA က ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေအပြီး သူတို့နိုင်ငံတွင်းမှာ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ ကျောင်းများပိတ်ခြင်း၊ စုဝေးမှုများ ပိတ်ပင်ခြင်းနဲ့ မရှိမဖြစ်မဟုတ်တဲ့...

ပြည်မြို့ကိုဗဟိုပြု၍ အင်အား ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

ပဲခူးတိုင်း၊ ပြည်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၆ နာရီ ၃၂ မိနစ် ၃၃ စက္ကန့်က ပြည်မြို့၏ အရှေ့ဘက်(၉)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၈ ဒသမ ၈၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၃၄)ဒီဂရီ၊ အနက်(၁၇)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၈)အဆင့်ရှိ အင် အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို တောင်ငူမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်တွင် ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE Summer Camp-2025)သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများပါဝင်တက်ရောက်ခွင့်ရရှိခဲ့သည်။ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့(Fukuoka)အခြေစိုက် အာရှ - ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း(Asian-Pacific Children's Convention-APCC )မှဦးစီး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲသို့တတ်ရောက်ရန် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း(MJA)မှဦးစီး၍အခြေခံပညာကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်အောင်ဘုန်းမြတ်သာ၊ မောင်ကြည်စိုးဟန်၊ မောင်ဘုန်းမော်ကွန်း၊ မခိုင်ဝတ်ရည်မင်း၊ မကြည်ဖြူချမ်းလင်းနှင့် မဖြိုးမွန်မွန်မြင့်တို့အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071