Tuesday, December 16, 2025

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့်...

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင်...

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...
HomeNews

Category: News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

အာမခံချက်ရှိသည့် ရော်ဘာများ နိုင်ငံတကာဈေးကွက်သို့...

မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာဈေးကွက်ရရှိရေး အာမခံချက်ရှိသည့် ရော်ဘာများ တင်ပို့နိုင်မှသာ ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိမည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ပေါင်တန်းနိုင်မှာ ဖြစ်‌ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလိုက်သည်။ မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီ (၃၀) နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel...

အုတ်တွင်းမြို့တွင် တွဲကားတစ်စီး လမ်းလယ်ခေါင်၌...

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့တွင် တွဲကားတစ်စီး လမ်းလယ်ခေါင်၌ တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်နောက်လိုက်မှာ ကားခေါင်းခန်းအတွင်း ညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့မှ သိရသည်။ အုတ်တွင်းမြို့၊ မြောက်ဘက်အထွက် မှော်ယောတံတား “စိန်သဇင်”ဆီဆိုင်အနီးတွင် ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၉) နာရီ (၄၅)မိနစ်အချိန်ခန့်က ဘီးလင်းမြို့မှ...

Digital Payment စနစ်ဖြင့်...

YBS စီးခရီးသည်များ အနေဖြင့် ယာဉ်စီးခပေးချေရာတွင် Digital Payment စနစ်ကို အသုံးပြုရန် YRTC မှ တိုက်တွန်းထားသည်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများသည် ဇန်နဝါရီ (၃၀)ရက်မှစတင်၍ ယာဉ်စီးခ ၄၀၀ ကျပ်သို့ တရား ဝင်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။ "ခရီးသည်တွေအနေနဲ့ YPS ကဒ် သို့မဟုတ်...

အလုံးစုံအောင်ပွဲ မရမချင်း ဂါဇာကနေ...

အစ္စရေးနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာ ကြားဝင်စေ့စပ်ပေးသူတွေက တင်ပြလာတဲ့ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာရှိ ဓါးစာခံတွေ လွှတ်ပေးရေး အဆိုပြုချက်တစ်ခုကို သူတို့ လက်ခံရရှိခဲ့ပြီး သုံးသပ်လေ့လာမှု လုပ်နေတယ်လို့ ဟားမတ်စ်အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။ သို့ပေမယ့်လည်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကတော့ အလုံးစုံအောင်ပွဲ မရမချင်း ဂါဇာကနေ အစ္စရေးတပ်တွေ...

ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၃၈...

ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးနှု န်းသည် တစ်ကျပ်သား (၃၈) သိန်းကျော်အထိ မြင့်တက်လာကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။ ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းတစ်ဒေါ်လာ ၃၅၀၀ ကျော်အထိ မြင့်တက်လာပြီး ယင်းနှင့်အတူ ပြည်တွင်း ရွှေဈေးသည်လည်လည်း တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေစျေးသည် ဇန်နဝါရီ (၁) ရက်တွင် တစ်အောင်စလျှင် ၂၀၆၂...

(၅၉)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှစ၍...

ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖွင့်လှစ်မည့် (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြု ဖွင့်လှစ်ပေးသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ...

အစ္စရေးက ဟားမတ်စ် တိုက်ခိုက်ရေး...

လေးလနီးပါးကြာပြီဖြစ်တဲ့ စစ်ပွဲမှာ နောက်ထပ် အပစ်ရပ်စဲရေးအစီအစဉ်တစ်ခုအတွက် နိုင်ငံတကာ ကြားဝင် စေ့စပ်သူတွေ ကြိုးပမ်းနေကြစဉ်မှာပဲ ဂါဇာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေခဲ့ကာ အစ္စရေးစစ်တပ်က ဟားမတ်စ်တို့ရဲ့ မြေအောက်ဥမင်တွေထဲကို ရေတွေ ဖြည့်သွင်းခဲ့တယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဂါဇာတောင်ပိုင်းရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ခန်ယူနစ္စဟာ တိုက်ပွဲ ဗဟိုချက်နေရာဖြစ်နေပြီး...

တိုက်ပွဲများကြောင့် သကြားစက်အများစု လည်ပတ်နိုင်ခြင်း...

တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ သကြားစက်ရုံအများစုသည် လည်ပတ်နိုင်ခြင်းမရှိသေးသည့်အတွက် တောင်သူများအနေဖြင့် ကြံများခုတ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာ့ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘဘာလတွင် စတင်ဆောင်ရွက်လေ့ရှိသော်လည်း ယခုအခါ နယ်မြေမတည်ငြိမ်မှုများကြောင့် တောင်သူများအနေဖြင့် ကြံမခုတ်နိုင်သေးဘဲ ကြံခုတ်ရာသီလည်း ကျော်လွန်နေပြီဖြစ်သည်။ ကြံသီးနှံကို စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းဒေသများ၊...

ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်နှင့်...

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်း မပေါ်တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဥ်တို့ မတော်တဆ တိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြ ည်) ပရဟိတပါရမီမှ သိရသည်။ ဇန်နဝါရီ (၃၀) ရက်၊ ည (၈) နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်နှင့်...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!