Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal News

Category: Local News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

ပဋိပက္ခအတွင်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား...

ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက်၍ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ (၇) ရက် မွန်းလွဲ (၂) နာရီက နေပြည်တော် ၌ ကျင်းပခဲ့သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်...

စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေနှင့် ဒေါ်လာဈေးများ...

အခေါက်ရွှေတစ်ကျပ်သား သိန်း (၄၀) ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ရာမှ တဖြေးဖြေးပြန်လည်ကျဆင်းလာသည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းမှာ ယနေ့ စက်တင်ဘာ (၈) ရက် နံနက်ပိုင်းတွင် တစ်ကျပ်သား (၃၅) သိန်း ဝန်းကျင်ထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက ဒေါ်လာဈေးမြင့်တက်မှုကို...

ကိုရီးယား လုပ်ငန်းခွင်၌ ကားတိုက်မှုကြောင့်...

ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် ယာဉ်တိုက်ခံရပြီး ကွယ်လွန်ခဲ့ရသည့် မြန်မာလုပ်သား ကိုပြေသိန်း၏ နာရေးကို စက်တင်ဘာ (၁၀) ရက်မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းမှ သိရသည်။ တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ ဟာ့ချောင်ဂွန်ရှိ ယောင်းအင် တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ဩဂုတ် (၇) ရက် နံနက်ပိုင်းက...

ပေါင်းတည်မြို့စွယ်​တော်အပူ​ဇော်ခံပွဲလုပ်ဖို့စီစဥ်​နေဆဲဘုရားကြီးဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ပဲခူးတိုင်း၊ပေါင်းတည်မြို့ရှိ ဘုရားကြီးဝင်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယမန်နေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က ပေါင်းတည်မြို့ရှိ ဘုရားကြီးဝင်းအတွင်း ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံထားသည့် စွယ်တော်တိုက်နှင့်ဆင်ဦးတိုက်သည့် ညောင်ပင်အနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ "ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို ဒီလထဲမှာ အကျဥ်းရုံးကျင်းပဖို့လုပ်နေတာရှိတယ်၊ အခုဗုံးပေါက်တဲ့နေရာက စွယ်တော်တိုက်နဲ့ညောင်ပင်နားမှာဖြစ်တာ၊ ညောင်ပင်နဲ့ပိုနီးတယ် ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။

မြန်မာ-ကူဝိတ်နှစ်နိုင်ငံ ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု၊စွမ်းအင်နှင့်အလုပ်သမားကဏ္ဍများအကျိုးတူဆောင်ရွက်မှုမြှင့်တင်မည်

နစက ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ ကူဝိတ်နိုင်ငံသံအမတ်ကြီး မစ္စတာမူဘာရက်(ခ်) အမ် အေ အလက်ဝါနီကိုအား စက်တင်ဘာ ၇ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-ကူဝိတ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု၊စွမ်းအင်နှင့်အလုပ်သမားကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကြား သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်သွားရေးနှင့်လက်မှတ်ရေးထိုးရန်ရှိသည့်...

USDP ပါတီမှ သက်သာချောင်ချိရေးဆန်များထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)မှ ပါတီ၏ ဦးစီးရုံးအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊တိုင်းနှင့်ပြည်နယ်အသီးသီးမှ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တရောက်ရှိနေသည့် မိသားစုဝင်များအား သက်သာချောင်ချိရေးဆန်များကို စက်တင်ဘာ ၇ ရက်နေ့လည် ၃ နာရီခွဲက ပါတီဌာနချုပ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ သက်သာချောင်ချိရေးဆန်များကို USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီတက်ရောက်၍ ဆန်များထောက်ပံ့ပေးရခြင်းကိုရှင်းလင်းပြောကြားပြီးနောက် သက်သာချောင်ချိရေးဆန်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် ကုက္ကိုပင်လဲကျ၍ နေအိမ်...

ပဲခူးတိုင်း၊ပြည်မြို့၊နဝင်းနယ်မြေ၊ဖိုးခေါင်တံတားအနီးတွင် စက်တင်ဘာ ၇ ရက်ည ၉ နာရီခွဲခန့်က ကုက္ကိုလ်ပင်လဲကျခဲ့ရာမှ နေအိမ် ၃ လုံးပေါ်သို့ပိမိသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။ "လဲကျသွားတဲ့ကုက္ကိုလ်ပင်ကအကြီးကြီးပဲ အိမ် ၃ လုံးပေါ်ပိနေတယ်ဆိုတာသတင်းရတာနဲ့ ကူညီကယ်ဆယ်ရေးသွားလုပ်ပေးခဲ့တာပါ၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေရှိပေမယ့် မစိုးရိမ်ရပါဘူး၊ ဒဏ်ရာတွေကိုဆေးကြောသန့်စင်ပေးပြီး ဆေးထည့်ပေးခဲ့ပါတယ်၊ ဆေးရုံမပို့ရပါဘူး"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။ ဖြစ်စဥ်မှ ကလေးငယ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများအား...

လှိုင်သာယာ မီးလောင်မှုဖြစ်စဥ်တွင် နေအိမ်...

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ညောင်ကျေးရွာရှိ ငါးသုံးလုံးသဲကွင်းတွင် စက်တင်ဘာ ၇ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်က နေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။ မီးလောင်မှုအား လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၂၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။ "စတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကို မီး...

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရွှေသာလျောင်းဘုရား၏...

မန္တလေးတိုင်း၊မြင်းခြံမြို့တွင် စက်တင်ဘာ ၇ ရက်နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေသာလျောင်းဘုရား၏ အဆောက်အဦးပြိုကျသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ် (၁၀)ရပ်ကွက်၊သဲပြင်ကျောင်းတိုက်အတွင်း တည်ထားပူဇော်သည့် ရှေးဟောင်းရွှေသာလျောင်းဘုရား၏ အဆောက်အဦးပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အဦးအား တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ဂေါပကအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!