Monday, August 3, 2026

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည် စစ်မှုထမ်းဟောင်း ပြုစုစောင့်ရှောက်ရေးအထိပါဝင်သော ဝန်ထမ်း ၉,၅၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။ အလုပ်အကိုင်တည်မြဲမှုအတွက် တရားဝင်အကာအကွယ်ရမှုနည်းပါးသေးသော အစမ်းခန့် ပထမနှစ် ဝန်ထမ်းများကို...

အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်ရေးသည် ယုံကြည်မှုတည်ဆောက်ရေး...

ရုရှားနိုင်ငံသား Alexander Vinnik ကို အမေရိကန်နိုင်ငံသား Marc Fogel နှင့် လဲလှယ်လွှတ်ပေးခြင်းသည် ဝါရှင်တန်နှင့် မော်စကိုအကြား ယုံကြည်မှုတည်ဆောက်ရေး ခြေလှမ်းဖြစ်‌ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတီဗင်ဝစ်အော့ဖ်ကမျှော်လင့်ထားသည်။ "ကျွန်တော်တို့မှာ တကယ့်ကို ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခု ရှိခဲ့ပါတယ်၊ အဲဒါဟာ...

TikTok ကို အမေရိကန်မှာ...

အမေရိကန် Apple နဲ့ Google ရဲ့ app store တွေမှာ TikTok ကို ကြာသပတေးနေ့က စပြီး ပြန်ဒေါင်းလို့ရပြီလို့ သိရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က TikTok ပိတ်ပင်တားမြစ်မှုအကောင်အထည်ဖော်ခြင်းကို ရက်ရွှေ့ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ခုလို ပြန်လည်ရရှိလာတာပါ။ Bloomberg နဲ့ CNBC သတင်းဌာနတွေကလည်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ" ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို...

“အောင်ပွဲနေ့”အခမ်းအနားတွင် ထရမ့်တက်ရောက်မည်ဆိုပါက ပူတင်က...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအား မော်စကိုတွင် ကျင်းပမည့် ဂရိတ်ပက်ထရီယော့တစ်စစ်ပွဲ(Great Patriotic War) တွင် ဆိုဗီယက်ယူနီယံက အောင်ပွဲခံခဲ့သည့် နှစ် ၈၀ ပြည့် "အောင်ပွဲနေ့"အခမ်းအနားများသို့ တက်ရောက်ရန် ဆုံးဖြတ်ပါက ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဝမ်းမြောက်စွာ ကြိုဆိုမည်ဖြစ်ကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်...

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင် နူးဒေလီ၏ မနီလာနှင့် ဒုတိယမြောက် ကာကွယ်ရေးပို့ကုန်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေးသုတေသနဌာနက ဖန်တီး ထုတ်လုပ်သည့် Akash ဒုံး-ကျည်စနစ်ကို ဖိလစ်ကိုင်က...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန် ပြည်တွင်းထုတ်လုပ်မှုကိုပါမြှင့်တင်ရန် ကြိုးပမ်းနေပြီး ကာကွယ်ရေးပစ္စည်းများတင်ပို့မှုကိုလည်း ဆက်တိုက်မြှင့်တင်လျက်ရှိသည်။ အကွာအဝေး ၉၀ ကီလိုမီတာ (၅၆ မိုင်) ထိရောက်သော အိန္ဒိယပြည်တွင်းလုပ် Pinaka...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!