Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeCelebrities' News

Category: Celebrities' News

ချစ်ပုရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ကြတဲ့ အနုပညာရှင်များ

သရုပ်ဆောင် ချစ်ပုရဲ့စျာပန ကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့...

၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား...

၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ၁၃ရက်...

ချစ်ပုရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ကြတဲ့ အနုပညာရှင်များ

သရုပ်ဆောင် ချစ်ပုရဲ့စျာပန ကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီ က မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်မှာပြုလုပ်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်ချစ်ပုရဲ့နောက်ဆုံးခရီးကိုအနုပညာရှင်များမှလည်းလိုက်ပါပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်ချစ်ပုဟာ နိုဝင်ဘာလ (၂၅) ရက်နေ့ မနက် ၇နာရီ၁၀မိနစ် မှာ အသည်း ရောဂါနဲ့ ရန်ကုန်၊ ဂန္ဒီဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

စံထိပ်ထားစိန်ရွှေရတနာဆိုင်ဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အနုပညာရှင်ပုံရိပ်များ

စံထိပ်ထား စိန်ရွှေရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကိုယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီက တော်ဝင်စင်တာ မြေညီထပ် အမှတ် ( ၁၀၃၂ ) မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးအဆိုပါဖွင့်ပွဲအခမ်းအနားကို အနုပညာရှင် များဖြစ်တဲ့ဦးမိုးဒီ၊ ဦးသျှန်ထွဏ်း၊ ကျော်ထက်အောင် ၊မေ့ချစ်သက်အပြင် ဦးသျှန်ထွဏ်းရဲ့သားနဲ့သမီးဖြစ်တဲ့ ချောသိင်္ဂါကို နဲ့ ထူးခန့်ထွန်းတို့မှတက်ရောက်ကာ...

သရုပ်ဆောင် ဘိုကလေးစိန်ကွယ်လွန်

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ဘိုကလေးစိန်ဟာ ယနေ့နိုဝင်ဘာလ ၁၈ရက်နေ့မနက်ပိုင်းက ရင်သားကင်ဆာရောဂါဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။ ဘိုကလေးစိန်ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး သူမကိုလစဥ်အလှူငွေ တစ်သိန်းထောက်ပံ့ပေးနေကျဖြစ်တဲ့ စိန်လင်း(Aroma) က  "ပထမဦးဆုံးအမေဘိုကလေးစိန်နဲ့သိခွင့်ရခဲ့တာကတော့ အလှူတစ်ခုသွားလှူပေးရင်းသိခွင့်ရခဲ့တာ၊ အဲဒီမှာသူက သူ့ဝေဒနာတွေအကြောင်း ရှင်းပြပြောပြလို့ စိတ်မကောင်းဖြစ်ရတယ်၊ အဲဒါနဲ့တစ်ခါလှူပြီးတာနဲ့အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး လစဥ်လှူဖို့ဆုံးဖြတ်လိုက်တာ အဲဒီလိုလှူတော့သူကပျော်နေတယ် ဆုတွေလည်းတောင်းပေးတယ်၊ ဒီမနက်ဆုံးသွားတဲ့သတင်းကြားရတော့ စိတ်မကောင်းဘူး၊ ဒါပေမဲ့လည်း ကင်ဆာဆိုတဲ့ဝေဒနာကြီးကနေ နာကျင်မှုတွေကနေ လွတ်မြောက်သွားတာပေါ့"...

ဟာသသရုပ်ဆောင် ဆင်မ ပြန်လည်လွတ်...

၅၀၅ ( က ) နဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဟာသသရုပ်ဆောင်ဆင်မ ဟာ ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့အမျိုးသားနေ့မှာ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ ဆိုခံထားရတဲ့ အနုပညာရှင် ၁၁ ဦးဖြစ်တဲ့ ဘုဏ်းသိုက်၊ ဖွေးဖွေး၊ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊...

ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးနှင့် ယွန်း၀တီလွင်မိုး အပါအ၀င်...

ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးနှင့် ယွန်း၀တီလွင်မိုး အပါအ၀င် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းခဲ့ နစက မှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အားဂုဏ်ပြုသည့်အနေဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့သည်၊၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ ဆိုခံထားရသည့် ဘုဏ်းသိုက်၊...

ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးနှင့် ယွန်း၀တီလွင်မိုး အပါအ၀င်...

နစက မှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အားဂုဏ်ပြုသည့်အနေဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့ပြီး အကျဥ်းထောင်အသီးသီးတွင် အကျဥ်းကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ ဆိုခံထားရသည့် ဘုန်းသိုက်၊ ဖွေးဖွေး၊ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊...

ထောင်ဒဏ် (၂) နှစ်စီ...

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်ကတည်းက ဖမ်းဆီးထိ မ်းသိမ်းခံရပြီး ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံထားရသ ည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့မှာ ယနေ့ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ (၂) ဦးသည် ၂၀၂၁...

‘သမီးဆိုး’ ဇာတ်လမ်းတွဲမှာ ချစ်သူကိုတန်ဖိုးထားတဲ့...

ဒါရိုက်တာမယ်မင်းဘုံရိုက်ကူးပြီး မဟာရုပ်သံလိုင်းနဲ့ မဟာမိုဘိုင်းအပလီကေးရှင်းတို့မှာ ပြသနေတဲ့ သမီးဆိုးဇာတ်လမ်းတွဲမှာ မော်ဒယ်သရုပ်ဆောင်တိုင်ရွန်ကတော့ ဘုန်းဥာဏ်စင်ဆိုတဲ့ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကာရိုက်တာပြင်ဆင်မှုအပိုင်းနဲ့ပန်သက်ပြီး တိုင်ရွန်က "အဓိကကအပြင်က ကျွန်တော့်ပုံစံပေါက်မနေအောင် အကောင်းဆုံးကြိုးစားရတယ် ဘုန်းဉာဏ်စင်ကာရိုက်တာကနဲနဲအေးတယ် ကိုယ့်ချစ်သူကိုယ်တန်ဖိုးထားတယ် နုညံ့တယ်ဆိုတဲ့ပုံစံမျိုး၊ တစ်ခုခုဆိုစိတ်ခံစားချက်လွယ်တယ်ဆိုတဲ့ကောင်လေးနေရာက ခံစားပြီးသရုပ်ဆောင်ထားတယ်" သရုပ်ဆောင်တွေအနေနဲ့ကတော့ တိုင်ရွန်၊ အေးချမ်းမောင်၊ ညီနန္ဒ၊ ထက်ထက်ထွန်း၊ ရတနာဗိုလ်နဲ့ မျိုးစန္ဒီကျော်တို့က ပါဝင်ထားကြပါတယ်။

တေးသံရှင်အိမ့်ချစ်ရဲ့သမီးလေး တေးအမရာလှိုင်ရဲ့ ရက်...

ယနေ့နိုဝင်ဘာလ ၁၄ရက်နေ့ဟာ တေးသံရှင်အိမ့်ချစ်ရဲ့သမီးလေးဖြစ်တဲ့ တေးအမရာလှိုင်ရဲ့ ရက် ၁၀၀ပြည့်မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အလှူအနေနဲ့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ကုမာရာ-ရာမ ပရဟိတလူငယ်ဖွံ့ဖြိုးမှုဂေဟာမှာ မိဘမဲ့ကလေးငယ်တွေကို နေ့လည်စာကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ စာအုပ်ရောင်းရငွေသိန်း ၃၀လှူဒါန်းခဲ့တဲ့...

ယနေ့နိုဝင်ဘာလ ၁၃ရက်နေ့မှာ စာရေးဆရာမိုင်မိုင်း(နမ့်စန်)က ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ သူ့ရဲ့ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ 'တန်ဖိုး' စာအုပ်ရဲ့ရောင်းရငွေကို လာရောက်လှူဒါန်းခဲ့ပါတယ်။ ပထမအကြိမ်ထုတ်ဝေခြင်းအမှတ်တရအဖြစ် လာရောက်လှူဒါန်းခဲ့တာဖြစ်ပြီး စုစုပေါင်းလှူဒါန်းငွေမှာ သိန်း ၃၀ဖြစ်ပါတယ်။ ယခုလှူဒါန်းခြင်းအစီအစဥ်ကို ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ရှိရာနေရာဖြစ်တဲ့ အမှတ် ၁၄၈၅၊ ၁၀၄ရပ်ကွက်၊ ရွှေဂျိုးဖြူလမ်းနဲ့ရွှေဟသ်ာလမ်းထောင့်၊ တောင်ဒဂုံမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!