Thursday, June 25, 2026

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....
HomeNewsLocal NewsAI အသုံးပြုပြီး သဘာဝဓါတ်ငွေ့ထုတ်ယူမည်...

AI အသုံးပြုပြီး သဘာဝဓါတ်ငွေ့ထုတ်ယူမည် ရှေ့ပြေးစီမံကိန်း ဆောင်ရွက်ရန် မြန်မာ နှင့် ရုရှား လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆို

ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု၍ ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ထုတ်ယူရရှိရေး ရှေ့ပြေးစီမံကိန်း (Pilot Project to Extract Natural Gas From Thin Sands Using Artificial Intelligence Technology) အဖြစ် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ တွင်း ၅ တွင်းတွင် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီတိုအကြား လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းကို နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများရှေ့မှောက်တွင် အောက်တိုဘာ(၁၇)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ၌ (၈)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာရာဖိုရမ် ကို ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သည် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေပြီး အဆိုပါ လက်မှတ်ရေးထိုးမှုကို လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုချုပ်ဆိုခဲ့သည့် စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြု၍ ပထမဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်ရန် အလားအလာကောင်းများရှိသည့် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုနောက် မြန်မာကိုယ်စားလှယ် အဖွဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီ မှ CEO ဖြစ်သူ Mr. Sergey Ratkov ဦးဆောင်သည့်အဖွဲနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး AI နည်းပညာအသုံးပြုပြီး GeoAudit Technology ဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်သည့်အတွက် အကျိုးဖြစ်ထွန်းလျက်ရှိနေသည့် ရေနံမြေများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အပါအဝင် မြေအောက်သယံဇာတများအား ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများအား စနစ်ကျစွာ စီမံခန့်ခွဲနိုင်ရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Potential ဧရိယာများ ဖော်ထုတ်နိုင်ရန်အတွက် ခေတ်မီနည်းပညာဖြင့် ဘူမိမြေပုံ များရေးဆွဲသည့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ရေနံ အထွက်တိုးရှာဖွေခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြန်လည်ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့် 2 nd International Forum of the Union State "Great Heritage- Common Future"တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဇွန် ၂၄ ရက်ည ၈ နာရီတွင် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ USDP ပါတီမှတာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံရောက်ရှိနေသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁ လက်မကျော်နေ၊

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊ နောက် ၁ ရက်အတွင်း စိုး ရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။ အသိပေးချက်အရ နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ကျော် (၆ လက်မကျော်)အထိ မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေမည်ဟုဆိုထား...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့် တိုက်တွန်း

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် နိုင်ငံပိုင်ရုံးအဆောက်အဦးများ၊ အထူးအဆောက်အဦးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071