Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeInternationalAI ပညာရှင်များ အမေရိက...

AI ပညာရှင်များ အမေရိက မသွားရန် တရုတ်က တိုက်တွန်းထား ဟုဆို

နိုင်ငံ၏ ထိပ်တန်း ညဏ်ရည်တု(AI) စွန့်ဦးတီထွင်သူများနှင့် သုတေသီများကို အမေရိကသို့ ခရီးမသွားကြရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများကို ကိုးကား၍ ဝေါစထရိဂျာနယ်က သောကြာနေ့တွင် ဖော်ပြခဲ့သည်။

နိုင်ငံရပ်ခြားသို့ ခရီးသွားလာနေသော တရုတ် AI ပညာရှင်များအနေဖြင့် နိုင်ငံ၏ တိုးတက်မှုနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရသည့် အခြေအနေမျိုး နှင့်တွေ့ကြုံရမည်ကို အာဏာပိုင်များက စိုးရိမ်နေသည်ဟု ဂျာနယ်က ဆိုသည်။

ထို့အပြင် ကုမ္ပဏီများ၏ အမှုဆောင်အရာရှိများ ထိန်းသိမ်းခံရပြီး အမေရိက-တရုတ် စေ့စပ်ညှိနှိုင်းမှုများတွင် အလဲအထပ်တစ်ခုအနေဖြင့် အသုံးချနိုင်သည့် အခြေအနေကိုလည်း အာဏာပိုင်များက စိုးရိမ်နေသည်ဟု ဂျာနယ်ကဖော်ပြခဲ့ပြီး ထရမ့်ပ်အစိုးရ ပထမသက်တမ်းအတွင်းက အမေရိက၏ တောင်းဆိုချက်အရ ကနေဒါတွင် ဟွာဝေးအမှုဆောင်အရာရှိတစ်ဦး ထိန်းသိမ်းခံခဲ့ရခြင်းကို ထောက်ပြ၍ သတိပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုမှုကို အိမ်ဖြူတော်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက လောလောဆယ်တွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

AI နှင့် စက်ရုပ်များကဲ့သို့ အခြား အမှားအယွင်း အတိမ်းအစောင်းမခံသော အရေးပါသော လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများကို ဦးဆောင်နေသည့် အမှုဆောင်အရာရှိများအနေဖြင့် အမေရိကနှင့် ယင်း၏ မဟာမိတ်နိုင်ငံများသို့ မလိုအပ်ဘဲ ခရီးသွားခြင်း မလုပ်ကြရန် တိုက်တွန်းထားသည်ဟု ဂျာနယ်က ဖော်ပြခဲ့သည်။

မဖြစ်မနေ ခရီးသွားရသော အမှုဆောင်အရာရှိများအနေဖြင့် နိုင်ငံမှ မထွက်ခွာမီတွင် ၎င်းတို့၏ အစီအစဉ်အကြောင်းအရာများကို အစီရင်ခံရန်နှင့် ပြန်ရောက်သည့်အခါ ၎င်းတို့ လုပ်ဆောင်ခဲ့သည်များ၊ တွေ့ဆုံခဲ့သူများနှင့်ပတ်သက်၍ အာဏာပိုင်များထံ အကျဉ်းချုပ် အစီရင်ခံရန် ညွှန်ကြားထားကြောင်းလည်း ဂျာနယ်က ဆက်လက် ဖော်ပြသည်။

တရုတ် AI စွန့်ဦးတီထွင်သူ DeepSeek တည်ထောင်သူ Liang Wenfeng သည် ဖေဖော်ဝါရီလတွင် ပါရီ၌ ကျင်းပသည့် AI ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်ဟု ယင်းသတင်းတွင် ဖော်ပြသည်။ ထို့အပြင် နောက်ထပ် အဓိက တရုတ် AI တည်ထောင်သူတစ်ဦးသည်လည်း ပြီးခဲ့သည့်နှစ်က အမေရိကသွားမည့် ခရီးစဉ်ကို ပေကျင်း၏ ညွှန်ကြားချက်များ ရရှိခဲ့အပြီးတွင် ဖျက်သိမ်းခဲ့သည်ဟုလည်း အဆိုပါ ဂျာနယ်က ပြောသည်။

အမေရိကနှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ AI ပြိုင်ဆိုင်မှုတွင် အကြိတ်အနယ်ဖြစ်နေပြီး DeepSeek သည် မကြာခင်က OpenAI နှင့် Google ကဲ့သို့ အမေရိက AI ဦးဆောင်ကုမ္ပဏီများကို ယှဉ်နိုင် သို့မဟုတ် ကျော်ဖြတ်နိုင်သည့် ကုန်ကျစရိတ် သိသိသာသာ နည်းပါးသော AI မိုဒယ်များကို မိတ်ဆက်ခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071