AFC Challenge League ပြိုင်ပွဲဝင်ရောက်ခွင့်နှင့် ဝေးကွာခဲ့ရပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်းမှာ ယနေ့ ဩဂုတ် ၁၃ ရက်တွင်အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်သည်။
ယမန်နေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်းက AFC Challenge League ပြိုင်ပွဲဝင်ခွင့်ရရှိရေး ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအို Ezra FC တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ ရန်ကုန်ယူနိုက်တက်အသင်းမှာ ပွဲပြီးပယ်နတီတွင် ၅ဂိုး ၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
နည်းပြချုပ် ဦးကျော်ဒွန်းသည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၅ ခုနှစ်မှ စတင်ကာနည်းပြချုပ်အဖြစ် ပြန်လည်ကိုင်တွယ်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီး အဆင့် ၂ နေရာ၌ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ်ဖလားချန်ပီယံဆုကြီးကို ရန်ကုန်ယူနိုက်တက်အသင်းအတွက်ရယူပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်ဟု အသင်းက အသိပေးထားသည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူလက်တွဲပြီး အောင်မြင်မှုများရရှိအောင်ကြိုးစားပေးခဲ့မှုများအတွက် အသင်းအနေဖြင့်ကျေး ဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်မည့် အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက ဆုတောင်းပေးထားသည်။
