ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။
အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး Mr. Sulaini Said က ကူဝိတ်၌ ASEAN အခန်းကဏ္ဍကိုမြှင့်တင်ရန် ACK မှအနာဂတ်တွင်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ လက်ရှိအလှည့်ကျဥက္ကဌတာဝန်ယူထားသည့် ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး Mrs. Lena Maryana ကလည်း ဥက္ကဋ္ဌသက်တမ်းကာလအတွင်းပြုလုပ်ခဲ့သော ACK လှုပ်ရှားမှုများကို အ ကျဉ်းချုပ်ပြန်လည်တင်ပြခဲ့ပြီး ပံ့ပိုးကူညီမှုများအတွက် ACK အဖွဲ့ဝင်များအားလုံးကိုကျေးဇူးတင်သည်ဟုပြောကြားခဲ့သည်။
ထို့ပြင် ကူဝိတ်နိုင်ငံသို့အသစ်ရောက်ရှိလာသည့် ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Songchai Chaipatiyut နှင့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Chhay Makara တို့အားကြိုဆိုသည်ဟု အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး Mrs. Lena Maryana ကပြောကြားခဲ့သည်။
