AA အကြမ်းဖက်အဖွဲ့မှ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၁၉၅ ဒသမ ၈၅)ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်(၃,၄၃၈)ကီလိုဂရမ်၊ ကတ်တမင်း(၂,၁၉၈)ကီလိုဂရမ်တို့ကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့်သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ စက်တင်ဘာ ၂၄ ရက်က လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်၌ အောင်ခန့်ကျော် မောင်းကာ ထက်ဝေဖြိုး လိုက်လာသည့် NISSAN CONDOR ကားကိုတားဆီးစစ်ဆေးရာမှ အိုက်စ်(၁,၄၃၉)ကီလိုဂရမ်အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဝင်းထွန်း၊ ဆန်းထွန်းကျော်၊ ဇော်လင်း၊ စောဇင်မင်းဟန်၊ ကျော်နိုင်၊ သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်၊ စိုးမင်းပိုင်၊ ခင်မောင်တွတ်နှင့် တင့်နိုင်ထွန်းတို့အားအသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင်ပါဝင်သူ(၁၆)ဦးအား ကား(၄)စီး၊ ငွေကျပ်(၁၉၅ ဒသမ ၈၅)ဘီလီယံခန့်တန် ဖိုးရှိ အိုက်စ်(၃,၄၃၈)ကီလိုဂရမ်၊ ကတ်တမင်း(၂,၁၉၈) ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်၍ ထပ်မံဖမ်းဆီးရန်ကျန်ရှိသူများအား ဖမ်း ဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
