Thursday, June 18, 2026

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်...

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး...

ကုန်သွယ်ရေးနှင့် အိန္ဒိယသင်္ဘောသားများ လုံခြုံရေးကိစ္စ ထရမ့်ပ်-မိုဒီ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသင်္ဘောသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း...

အီရန်အရေးတွင် ကြားနေခဲ့သည့် ရှီကျင့်ဖျင်နှင့် ပူတင်ကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အရေးနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ရပ်တည်ချက်ကို ချီးကျူးပြောကြားခဲ့ပြီး ပဋိပက္ခအတွင်း ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့သည့်အတွက်...
HomeNewsLocal NewsAA အကြမ်းဖက်‌အဖွဲ့မှ ရခိုင်ပြည်နယ်နှင့်...

AA အကြမ်းဖက်‌အဖွဲ့မှ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၁၉၅)ဘီလီယံကျော်တန် ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင်ဖမ်းမိ

AA အကြမ်းဖက်အဖွဲ့မှ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၁၉၅ ဒသမ ၈၅)ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်(၃,၄၃၈)ကီလိုဂရမ်၊ ကတ်တမင်း(၂,၁၉၈)ကီလိုဂရမ်တို့ကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့်သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ စက်တင်ဘာ ၂၄ ရက်က လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်၌ အောင်ခန့်ကျော် မောင်းကာ ထက်ဝေဖြိုး လိုက်လာသည့် NISSAN CONDOR ကားကိုတားဆီးစစ်ဆေးရာမှ အိုက်စ်(၁,၄၃၉)ကီလိုဂရမ်အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဝင်းထွန်း၊ ဆန်းထွန်းကျော်၊ ဇော်လင်း၊ စောဇင်မင်းဟန်၊ ကျော်နိုင်၊ သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်၊ စိုးမင်းပိုင်၊ ခင်မောင်တွတ်နှင့် တင့်နိုင်ထွန်းတို့အားအသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင်ပါဝင်သူ(၁၆)ဦးအား ကား(၄)စီး၊ ငွေကျပ်(၁၉၅ ဒသမ ၈၅)ဘီလီယံခန့်တန် ဖိုးရှိ အိုက်စ်(၃,၄၃၈)ကီလိုဂရမ်၊ ကတ်တမင်း(၂,၁၉၈) ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်၍ ထပ်မံဖမ်းဆီးရန်ကျန်ရှိသူများအား ဖမ်း ဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ကလေးဝမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းလွင်၏ မေးခွန်းအား ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်အရ ကလေးဝမြို့နယ်သို့ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းသည်...

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းများပိတ်ထားရန်နှင့် လုပ်ငန်းအချို့ကို ယာယီရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တစ်နာရီလျှင် မိုးရေချိန် ၇၀ မီလီမီတာကျော် ရွာသွန်းနေပြီး ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း သိရသည်။ ယခုသတိပေးချက်သည် ၂၀၂၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အနက်ရောင်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အနောက်တောင်မုတ်သုံလေအားကောင်းစွာ...

ကုန်သွယ်ရေးနှင့် အိန္ဒိယသင်္ဘောသားများ လုံခြုံရေးကိစ္စ ထရမ့်ပ်-မိုဒီ ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသင်္ဘောသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထရမ့်ပ်က မိုဒီနှင့် တွေ့ဆုံဆွေးနွေးမှုမှာ အလွန်အဆင်ပြေခဲ့ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ပြောဆိုခဲ့သည်။ ထို့ပြင် မိုဒီကို “ပြတ်သားသော ညှိနှိုင်းဆွေးနွေးရေးသမား” ဟု ချီးကျူးပြောကြားခဲ့ပြီး အနာဂတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည့်အစီအစဉ်ရှိကြောင်း သတင်းထောက်များအား အသိပေးခဲ့သည်။ ယခုတွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မိုဒီ၏ ဝါရှင်တန်ခရီးစဉ်နောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071