Sunday, June 15, 2025

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀...

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန်...

ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀...

ဗဟိုဘဏ်မှ နိုင်ငံခြား​ငွေများ ဆက်တိုက်​ရောင်းချလာပါက ​ငွေ​စျေးကျနိုင်ဟုသုံးသပ်​နေ ပြည်တွင်း၌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာသည့်အတွက် ပြင်ပငွေကြေးဈေးကွက်တွင် ​စျေးမဖွင့်ကြသည်များလည်းရှိ​နေသည်။ ဇွန်လ ဒုတိယအပတ်မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယနေ့‌တွင် တစ်ဒေါ်လာ ၄၅၆၀ ကျပ်အထိမြင့်တက်လာခဲ့သည်။ လာမည့်ရက်သတ္တပတ်အတွင်း...

စားသောက်ကုန်နမူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၏ ရန်ကုန်မြို့ရှိ သုတေသနဌာနနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိသုတေသနဌာနခွဲတို့တွင် စားသောက်ကုန်နမူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ယင်း သုတေသနဌာနများ၌ အစား အသောက်အမျိုးမျိုး၊...

မင်းဘူး(စကု)မြို့နယ်မှ နှမ်းသီးနှံစိုက်ခင်း(၄၀၈၂) ဧက ရေကြီးနစ်မြုပ်ခဲ့

စိုက်ပျိုးရေရယူသုံးဆွဲရာတွင် မိရိုးဖလာကွက်ဆင့်သောက်စနစ်ကိုပြုပြင်ရန်လိုအပ် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း မေလ နောက်ဆုံးပတ်နှင့် ဇွန်လ(ယခုလ)အတွင်းတို့က မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု(၂၇) စုရှိ တောင်သူ(၁၁၅၄)ဦး၏ နွေနှမ်း(၄၀၁၅)ဧကနှင့် မိုးနှမ်း(၆၇)ဧက(စုစုပေါင်း...
HomeInternationalLeopard 2 တင့်ကားများကို...

Leopard 2 တင့်ကားများကို ယူကရိန်းသို့ ဂျာမနီက မပေးပို့သည့်အတွက် စိတ်ပျက်မိကြောင်း ယူကရိန်းဝန်ကြီးဆို

Leopard 2 တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန် ဂျာမနီနိုင်ငံက ဆုံးဖြတ်ချက် မချသေးသည့်အတွက် စိတ်ပျက်မိကြောင်း ယူကရိန်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andriy Melnyk က CNN နှင့် အင်တာဗျူးတွင် ဖွင့်ဟပြောကြားခဲ့သည်။

သောကြာနေ့က CNN နှင့် အင်တာဗျူးရာတွင် ဂျာမနီ၏ တာဝန်မဲ့မှုအား စိတ်ပျက်စရာအဖြစ် Melnyk က ပြောကြားခဲ့ပြီး၊ ဗြိတိန်က Challenger 2 တင့်ကားများပေးပို့မည်ဆိုခြင်းအတွက် ဗြိတိန်အား ချီးကျူးဂုဏ်ပြုကြောင်းနှင့် အဆိုပါ လုပ်ဆောင်ချက်မျိုးကို အခြားနိုင်ငံများကပါ လိုက်လံလုပ်ဆောင်ကြမည်ဟုလည်း မျှော်လင့်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

ဗြိတိန်သည် Challenger 2 တိုက်ပွဲဝင်တင့်ကားများကို ယူကရိန်းသို့ ပေးပို့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။

အသစ်ခန့်အပ်ထားသော ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius က ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ်အခြေစိုက်စခန်း၌ သောကြာနေ့က ပြုလုပ်ခဲ့သည့် နေတိုးမဟာမိတ်များ ကာကွယ်ရေးအစည်းအဝေးတွင် Leopard 2 တင့်ကားများ ယူကရိန်းသို့ ပေးပို့ခြင်းနှင့် ပတ်သက်၍ မိမိဆုံးဖြတ်ချက်မချရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

(CNN)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀ ဦးအထိ ရှိလာ 

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန် ဂက်ဝစ်ခ်လေဆိပ်သို့ ပျံသန်းမည့် ဘိုးရင်း ၇၈၇ ဒရင်းမ် လိုင်နာ အမျိုးအစားလေယာဉ်သည် ပြေးလမ်းမှ ပျံတက်ပြီး မကြာခင်တွင်ပင် ဆေးကောလိပ်အိပ်ဆောင်တစ်ခုပေါ် သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။         လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၄၂ ဦးအနက် ဗြိတိန်နိုင်ငံသား ဗစ်ရှ်ဝက်ရှ်ကူးမား ရာမက်ရှ် တစ်ယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး မြေပြင်တွင်လည်း သေဆုံးသူ အများအပြားရှိခဲ့သည်။         အာဏာပိုင်များသည် အပျက်အစီးများကို ရှင်းလင်းနေလျက်ရှိကာ...

ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းရောင်းချပေးရန် စီစဉ်နေ

ဗဟိုဘဏ်မှ နိုင်ငံခြား​ငွေများ ဆက်တိုက်​ရောင်းချလာပါက ​ငွေ​စျေးကျနိုင်ဟုသုံးသပ်​နေ ပြည်တွင်း၌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာသည့်အတွက် ပြင်ပငွေကြေးဈေးကွက်တွင် ​စျေးမဖွင့်ကြသည်များလည်းရှိ​နေသည်။ ဇွန်လ ဒုတိယအပတ်မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယနေ့‌တွင် တစ်ဒေါ်လာ ၄၅၆၀ ကျပ်အထိမြင့်တက်လာခဲ့သည်။ လာမည့်ရက်သတ္တပတ်အတွင်း ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံခြားငွေလိုအပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website ကို နေ့စဉ်ကြည့်ရှုပြီး FX Trading တွင် ဝင်ရောက်ဝယ်ယူနိုင်​ကြောင်းဆိုသည်။ ​ငွေ​စျေးတက်ရသည့်အ​ကြောင်းရင်းများကို စီးပွား​​ရေးသမားများ သုံးသပ်​ပြောဆိုသည်ကို​ကောက်နုတ်​ဖော်ပြသွားပါမည်။ အကြောင်းရင်းများထဲက တခုမှာ ထိုင်း ရှိ မြန်မာနိုင်ငံသား ဒါရိုက်တာပါဝင်​သော ကုမ္မဏီဘဏ်အ​ကောင့်အချို့...

စားသောက်ကုန်နမူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၏ ရန်ကုန်မြို့ရှိ သုတေသနဌာနနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိသုတေသနဌာနခွဲတို့တွင် စားသောက်ကုန်နမူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ယင်း သုတေသနဌာနများ၌ အစား အသောက်အမျိုးမျိုး၊ အချိုရည်၊ သကြားနှင့် ဆီအမျိုးမျိုး၊ အဏုဇီဝနည်းဖြင့် ဘက်တီးရီးယားပိုးပါ ဝင်မှုစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန် -အင်းစိန်လမ်းပေါ်ရှိ သုတေသနဌာန၏ ဖုန်း ၀၉ ၅၁၈၇၅၇၁ ၊ ၀၉ ၂၆၁၃၂၇၄၀၄ နှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)၊ မန္တလေး-လားရှိုးလမ်းမကြီးပေါ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071