Sunday, May 25, 2025

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌...

လားရှိုးတွင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေး

ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃)...

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်

မိုးရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသည့် အစားအစာများကို စားသောက်မိရာမှ ကူးစက်နိုင်သည်ဟုလည်း...
HomeNewsLocal Newsတရုတ်အစိုးရမှ မြန်မာအတွက် ကိုဗစ်-၁၉...

တရုတ်အစိုးရမှ မြန်မာအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံလွှဲပြောင်းပေးအပ်၊ ကျောင်းနေအရွယ်ကလေးငယ်များနှင့် နာတာရှည် ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများကို ထိုးနှံ့ပေးသွားမည်

​တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် အကြိမ်ရေ (Doses) ၃ သန်းအသုံးပြုနိုင်မည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံပံ့ပိုးပေးရန် မြန်မာနိုင်ငံဘက်က တောင်းဆိုလာသည့်အတွက် တရုတ်ဘက်မှ လှူဒါန်းပေးရန် ချက်ချင်းတုံ့ပြန်ခဲ့ပြီး လေကြောင်းခရီးစဉ်အကျပ်အတည်းကို ကျော်လွှားကာ ကာကွယ်ဆေးများကို အမြန်ဆုံးပို့ဆောင်ပေးခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဒယ်လ်တာမျိုးကွဲ ကူးစက်ပြန့်ပွားချိန်တွင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အောက်ဆီဂျင်အရည် စသည့် အရေးပါသော ကပ်ရောဂါကာကွယ်ကုသရေးပစ္စည်းများ ပို့ဆောင်နိုင်ရန် အထူးလမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ အောက်ဆီဂျင်စက် စသည့်ပစ္စည်းများ အရေးပေါ် ပံ့ပိုးပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကိုယ်တိုင်ပုလင်းသွင်းဖြည့်တင်းခြင်း (Fill-Finish) ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက်လည်း ကူညီပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနကိုလည်း တည်ငြိမ်စွာ တွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း၊ ဤလုပ်ငန်းများသည် လက်တွေ့ကျသောလုပ်ဆောင်မှုများဖြင့် တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရေး စိတ်ဓာတ်ကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း​ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့ကြောင်း၊ ယခုအကြိမ် ပံ့ပိုးပေးသော ကာကွယ်ဆေး ၃ သန်းကို ကျောင်းနေအရွယ်ကလေးငယ်များနှင့် နာတာရှည် ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း၊ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက် မြန်မာနိုင်ငံမှ ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ​ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

​မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ် ဆေးများကို အဓိကထိုးနှံထားပြီး လတ်တလောကာလတွင် ကူးစက်မှုနှုန်း အလွန်နည်းပါးလာကာ သေဆုံးမှုနှုန်း မရှိသလောက်ဖြစ်လာကြောင်း၊ တရုတ်ကာကွယ်ဆေးများသည် ပြင်းထန်သောရောဂါ ဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်း လျှော့ချရာတွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိသည်ကို ယင်းက သက်သေပြနေကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် အထွတ်အထိပ်ကာလကို ကျော်လွန်ခဲ့ပြီး ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံအစိုးရ၏ ထိမိတိကျသော၊ သိပ္ပံနည်းကျသော၊ ထိရောက်သော ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ၏  အကျိုးရလဒ်ပင် ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စု၀န်ကြီးကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။ " တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းလာကြောင်း ပြောကြားခဲ့သည်။ နှစ်ဘက်စလုံးသည် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများ၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံကြား နိုင်ငံရေးအရယုံကြည်မှု၊အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန်၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းချစ်ကြည်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိပြုခဲ့ကြသည်။ ထို့အပြင် အဆိုပါသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံကြား...

လားရှိုးတွင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေး

ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃) သိန်းကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။ “တိုက်ပွဲ မဖြစ်ခင်အချိန်က (၁) သိန်းခွဲဝန်းကျင်တော့ရှိတယ်။ (၂) ဆကျော် ဈေးတက်သွားတာပေါ့” ဟု ကုန်သည်တစ်ဦးက ဆိုသည်။ ချင်းရွှေဟော်-သိန္နီလမ်းကြောင်းမှ တရုတ်နိုင်ငံဘက်က တင်သွင်းသည့် ကုန်ပစ္စည်းများ ပုံမှန်ရောက်ရှိနေကြောင်းလည်း ၎င်းကပြောသည်။ လက်ရှိတွင်လည်း မြို့ခံလူထုအတွက် သောက်ရေသန့်အပြင် အခြေခံ စားသောက်ကုန်များသည် တရုတ်ဘက်မှ တင်သွင်းလာသည့် ပစ္စည်းများကိုသာ အားထားနေရကြောင်း မြို့ခံများထံမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071