Thursday, June 12, 2025

မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးပုံဖေါ်ခြင်းကိုတရုတ်ကန့်ကွက်

ကုလသမဂ္ဂ၊ ဇွန် ၁၁ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးအရပုံဖေါ်ခြင်းကိုတရုတ်နိုင်ငံက ကန့်ကွက်‌ကြောင်းတရုတ်သံတမန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်းလီ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင်...

ပြုံယမ်းဘက်သို့ ဆိုးလ်စစ်တပ်က အသံချဲ့စက်ဖြင့် အော်ခြင်းကိုရပ်ဆိုင်း

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တလျှောက် မြောက်ကိုရီးယားကိုဆန့်ကျင်သော ဝါဒဖြန့်အသံချဲ့စက် ထုတ်လွှင့်မှုများကို တောင်ကိုရီးယားစစ်တပ်က ပိ-တ်လိုက်ပြီဖြစ်ပြီး စစ်ကြောင့်ကွဲကွာသွားသည့် ပြိုင်ဘက်နှစ်နိုင်ငံအကြား တင်းမာမှုကိုဖြေလျှော့ရန် ရည်မှန်းသော လစ်ဘရယ်အစိုးရသစ်၏ ခိုင်မာသော...

ဒါဇင်ဝက် သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့သည့် မြန်မာ...

ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ဇွန် (၁၁) ရက်က အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ-နှင့်...

တေလာဆွစ်ဖ်က သူ၏ပထမအယ်လ်ဘမ် ၆ ခုကို...

နူးယော့ခ်၊ ဇွန် ၁၁ တေလာဆွစ်ဖ်သည် သူ၏တေးဂီတများကို မူပိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။ သောကြာနေ့က သူရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ရှည်လျားတဲ့ပို့စ်ထဲမှာ ဆွစ်ဖ်က “ကျွန်မ အခုလုပ်ဖူးခဲ့တဲ့...
HomeCelebrities' Newsနုပျိုလှပနေဆဲဖြစ်တဲ့ တစ်ခေတ်တစ်ခါက အကယ်ဒမီ...

နုပျိုလှပနေဆဲဖြစ်တဲ့ တစ်ခေတ်တစ်ခါက အကယ်ဒမီ မင်းသမီးကြီးခင်သန်းနု 

အကယ်ဒမီ ခင်သန်းနုဟာ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အချစ်တွေရရှိခဲ့ပြီး ရုပ်ရှင်ကားပေါင်းများစွာမှာ လည်းပါဝင်ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ကာ အခုချိန်ထိလည်းအရွယ်တင်နုပျိုလှပနေတဲ့မင်းသမီးကြီးတစ်ဦးလည်းဖြစ်ပါတယ်။ 

အခုလိုအရွယ်တင်လှပနေတာနဲ့ပတ်သက်ပြီး ဒီဇိုင်နာမျိုးမင်းစိုး က” ရုပ်ရှင်မင်းသမီးကြီးခင်သန်းနုအိမ်အလည်ရောက်တုန်းခဏခုထက်ထိနုပျိုလှပတက်ကြွနေတဲ့အသက်၇၈နစ်အရွယ်မြန်မာရုပ်ရှင်မင်းသမီးတယောက်ရဲ့အလှတရား” လို့သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

“အန်တီခင်သန်းနုနဲ့ မကြာမကြာတွေ့ဖြစ်ပါတယ် ကျွန်တော် ရန်ကုန်လာတဲ့အခါတိုင်းဆုံဖြစ်ပါတယ် ဒီတစ်ခေါက်လည်းရန်ကုန်ရောက်တုန်းသွားတွေ့ပြီး ပုံရိုက်ပြီးတင်လိုက်တာပါ အန်တီ ကအရင်ကထက်စာရင်တော့ ပိန်သွားတယ်အရင်ကပုံတွေနဲ့ယှဥ်ရင် တစ်ခုနဲ့တစ်ခုမတူတော့ဘူး အန်တီ ကကျန်းမာရေးတော့ကောင်းပါတယ် “လို့ပြောပါတယ်။ 

အကယ်ဒမီ ခင်သန်းနုဟာ အားကစား လိုက်စားသူတစ်ဦးဖြစ်ကာ မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့ပြီး၁၉၆၁-ခုနှစ် ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလမှာရုပ်ရှင် သရုပ်ဆောင်အဖြစ် ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ 

ခင်သန်းနုဟာ အကယ်ဒမီ သုံးထပ်ကွမ်းရရှိခဲ့သူဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ” ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကား”မှာအကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုရရှိခဲ့ကာ၁၉၉ဝ ပြည့်နှစ်မှာဒုတိယမြောက်အကယ်ဒမီအဖြစ်” ခုနစ်စဉ်အလွမ်း ဇာတ်ကား”နဲ့အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပြီး၂၀၀ဝ ပြည့်နှစ်မှာ” သမီးရှင် ဇာတ်ကား”မှာ တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို  ရရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးပုံဖေါ်ခြင်းကိုတရုတ်ကန့်ကွက်

ကုလသမဂ္ဂ၊ ဇွန် ၁၁ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးအရပုံဖေါ်ခြင်းကိုတရုတ်နိုင်ငံက ကန့်ကွက်‌ကြောင်းတရုတ်သံတမန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်းလီ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၉/၁၈၂ အရကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ယင်းဆုံးဖြတ်ချက်အပေါ် သဘောတူညီမှုမှ ခွဲထွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးအရ ပုံ‌ဖေါ်ခြင်းနှင့် လူ့အခွင့်အရေး ပြသနာရပ်များ ကိုအသုံးချခြင်းတို့ကို ကျွန်ုပ်တို့ ဆန့်ကျင်ပြီး ထိုသို့သောကိစ္စရပ်များအပေါ် ဖိအားပေးသည့် အလေ့အထကို ပယ်ချပါသည်" ဟု...

ပြုံယမ်းဘက်သို့ ဆိုးလ်စစ်တပ်က အသံချဲ့စက်ဖြင့် အော်ခြင်းကိုရပ်ဆိုင်း

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တလျှောက် မြောက်ကိုရီးယားကိုဆန့်ကျင်သော ဝါဒဖြန့်အသံချဲ့စက် ထုတ်လွှင့်မှုများကို တောင်ကိုရီးယားစစ်တပ်က ပိ-တ်လိုက်ပြီဖြစ်ပြီး စစ်ကြောင့်ကွဲကွာသွားသည့် ပြိုင်ဘက်နှစ်နိုင်ငံအကြား တင်းမာမှုကိုဖြေလျှော့ရန် ရည်မှန်းသော လစ်ဘရယ်အစိုးရသစ်၏ ခိုင်မာသော ပထမဆုံးခြေလှမ်းတစ်ရပ် ဖြစ်သည်။         စိတ်ဓါတ်စစ်ဆင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် မြောက်ကိုရီးယားသည် တောင်ကိုရီးယားဘက်သို့ အမှိုက်သရိုက်များ ချိတ်ဆွဲထားသည့် မိုးပျံပူဖောင်းများ စေလွှတ်မှုကို လက်တုန့်ပြန်သောအားဖြင့် နှစ်အတန်ကြာ ရပ်ဆိုင်းထားခဲ့သည့် အသံချဲ့စက်ထုတ်လွှင့်မှုများကို ပြီးခဲ့သည့်နှစ် ဇွန်လတွင် တောင်ကိုရီးယားက ပြန်လည်စတင်ခဲ့သည်။        အသံချဲ့စက်ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ခြင်းသည် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတွင် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်နှင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း...

ဒါဇင်ဝက် သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့သည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း

ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ဇွန် (၁၁) ရက်က အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ-နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယနေ့ပွဲစဉ်အတွင်း ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့သည့် မြန်မာအသင်းသည် လာအိုအသင်းအား ပထမပိုင်းပွဲချိန်အတွင်း (၃) ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန်အတွင်း နောက် ထပ် (၃) ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ (၆) ဂိုး ဂိုးမရှိဖြင့် ဂိုးပြ-တ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ဇွန် (၉) ရက်က အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ၌ (၂)ဂိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071