Thursday, June 5, 2025

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...
HomeNewsLocal Newsတရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်...

တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇန်နဝါရီ ၁၈ ရက်ကပြုလုပ်သည့် တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုတည် ဆောက်ရာတွင် Rule of Law “တရားဥပဒေစိုးမိုးရေး”သည်မရှိမဖြစ်လိုအပ်ချက်ဖြစ်ကာ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုဖမ်းဆီးတားဆီးရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်၊အများပြည်သူအား ဥပဒေကိုလေးစားလိုက်နာရန် တတ် စွမ်းသမျှ ဆောင်ရွက်ရမည်ဟု မှာကြားသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများသည် နေ့စဉ်ဖမ်းဆီးရမိသတင်းတင်ပြနိုင်ရေး၊ ဟန်ပြဆောင်ရွက်ခြင်းထက် အမှန်တကယ်ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမျိုးကိုသာဖြစ်စေလိုသည်ဟု မှာကြားသည်။

တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်းမူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလျက်ရှိသည်ဟု ဆိုသည်။

ယခင်က မူးယစ်ဆေးဝါးများဖမ်းဆီးရမိရာတွင် WY ကဲ့သို့ ဆေးပြားများကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် ၎င်းတို့၏ ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဖြန့်ချိရန်နှင့်လူငယ်များကို ဦးတည်ဖျက်ဆီးရောင်းချရန် မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံများအဖြစ် ပြောင်းလဲထုတ် လုပ်လာသည်ကိုတွေ့ရ​ကြောင်း​ပြောသည်။

“လူငယ်တွေအနေနဲ့ အစားအသောက်ဆိုတဲ့အသိနဲ့ စူးစမ်းသုံးစွဲရာကနေ မူယစ်ဆေးရဲ့သားကောင်ဘဝကိုရောက်ရှိသွားနိုင်ပါတယ်။ ဒါ့အပြင် လူငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုတွေ ပျက်စီးသွားစေနိုင်သလို မိသားစုဝင်တွေ စိတ်ပူပန်ဆင်းရဲရတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ပေါ်ပေါက်လာမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကဆိုသည်။

ထို့ကြောင့် မိဘများ၊မိသားစုဝင်များအနေဖြင့် မိမိတို့ သားသမီးများ၊မိသားစုဝင်များ သုံးစွဲနေသည့် အစားအသောက်များသည် ပုံမှန်ဟုတ်/မဟုတ်ကို ခွဲခြားနိုင်သည့် အသိပညာဗဟုသုတများ ရှိနေရမည်ဟု ဆိုသည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှဒီဇင်ဘာလအ ထိ တစ်နှစ်အတွင်း အမှုတွဲ ၄၂၃၂ မှု၊ခန့်မှန်းတန် ဖိုးကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံဖိုးဖမ်းဆီးရမိခဲ့ကာ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှဒီဇင်ဘာလ အထိ တစ်နှစ်အတွင်း အမှုတွဲ ၂၂၄၀ မှုနှင့်ခန့်မှန်းတန်ဖိုးကျပ် ၈ ဒသမ ၄၅၉ ဘီလီယံဖမ်းဆီးရမိခဲ့၍ ကာလတူတွင် အမှုတွဲ ၁၉၉၂ မှုနှင့်ခန့်မှန်းတန်ဖိုးကျပ် ၅၆ ဒသမ ၅၉၇ ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ ၆ နာရီက ရန်ကုန်မြို့ Lotte Hotel ရှိ Emerald Roomတွင်ကျင်းပခဲ့သည်။ ထိုပွဲတွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံဓလေ့များအပြန်အလှန်နားလည်ပြီး ကူးလူးဆက်ဆံနိုင်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာရေးတို့ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေးထာကိုးလ်တို့က ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စီးပွါးကူးသန်းဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို ကုန်သည်စက်မှု...

Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများပြသခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများကိုပြသခဲ့ကြောင်း သိရသည်။ ပြပွဲတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် "အောင်ဇေ"ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်း၊ မုတ်ကောင်ခွံဖြင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။ အဆိုပါပြပွဲ၌ တရုတ်ပန်းချီနှင့် ကမ္ပည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071