Single Mother ကို မုန့်ဟင်းခါးဆိုင်ဖွင့်ပေးခဲ့တဲ့ ပိုးကြာဖြူခင်

0
101

ကွက်လပ်မရှိ ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ပိုးကြာဖြူခင် Single Mother တစ်ဦး ဖြစ်တဲ့ မခင်ပြည့်စုံကို မုန့်ဟင်းခါးဆိုင်ဖွင့်ဖို့အတွက် ငွေကျပ် ၁၀သိန်း လှူဒါန်းပေးခဲ့တယ်လို့သူမ ဖေ့ဘုတ်စာမျက်နှာကနေအသိပေးပြောပြလာပါတယ်။

ပိုးကြာဖြူခင် က လက်ရှိ ပြသနေတဲ့ ဇာတ်လမ်းတွဲက သူမသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်နဲ့ဘဝတူ ကို လှူဒါန်းဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး “

ဒီနေ့မှာတော့ ကွက်လပ်မရှိဇာတ်လမ်းတွဲထဲက လို မိုးမိုးအေးနဲ့ ဘဝတူ ရွှေပြည်သာက Single mother တစ်ယောက်ဖြစ်တဲ့ မ ခင်ပြည့်စုံ အတွက် မုန့်ဟင်းခါးဆိုင်လေးဖွင့်ဖို့အတွက် မတည်အလှူငွေ ၁၀ သိန်း လှူဒါန်းပေးခဲ့ပါတယ်။ဒီအမ ရဲ့ သားတွေ အပေါ်ထားတဲ့ မေတ္တာနဲ့ ဘဝကို သတ္တိရှိရှိ ရဲရဲရင့်ရင့် ကြိုးစားဖြတ်သန်းရဲတဲ့ စိတ်ဓါတ်ကို ချီးကျူး အားကျမိတဲ့အတွက် အခု လို ကူညီ ဖေးမ ခဲ့တာပါ ။”လို့ သူမလှူဒါန်းဖြစ်တဲ့အကြောင်း ကို ရေးသားထားတာပါ။

MRTV-4 မှာ လက်ရှိပြသနေတဲ့ ကွက်လပ်မရှိ ဇာတ်လမ်းတွဲနဲ့ မိုးမိုးအေးရဲ့ ပရိတ်သတ်များအားလုံး ထပ်တူပီတိရရှိပါစေပြီး ကမ္ဘာပေါ်ရှိ single mother အားလုံးလဲ ဘဝ ကို အဆင်ပြေ အောင်မြင်လွယ်ကူစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့လည်း သူမကဆက်လက်ဆုတောင်းစာလည်းရေးခဲ့ပါတယ်။

ကွက်လပ်မရှိ ဇာတ်လမ်းတွဲ ကို ဒီဇင်ဘာလ ၂၂ရက်နေ့ကစတင်ပြသခဲ့တာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့က ကျော်ထက်ဇော်၊ရှင်မွေလ၊ပိုးကြာဖြူခင်၊ဝိုင်းရွှေရည်၊အလင်းသစ်၊နေလင်းရှိန်း တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here