Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ...

ရခိုင်တိုင်းရင်းသားများပါတီ၏ ပါတီတည်ထောင်ခွင့်လျောက်ထားချက်ကို UEC ခွင့်ပြု

ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျောက်ထားလာသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) ကို နိုင်ငံရေးပါတီတည်ခွင့်လျောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်...
HomeInternationalဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသို့ အမေရိကန်...

ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သွားရောက်လည်ပတ်မည်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ပေကျင်းသို့ ဖေဖော်ဝါရီလ ၅ ရက် မှ ၆ ရက်နေ့အထိ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဇန်နဝါရီလ ၁၇ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား မြင့်တက်နေသော တင်းမာမှုများအား ပြန်လည် ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ စောင့်မျှော်ခဲ့ရသော ခရီးစဉ်တစ်ခုဖြစ်သည်။

ဘလင်ကန်သည် တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းသို့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ၆ ရက်နေ့တွင်မူ ဆွေးနွေးမှုများ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

ဘလင်ကန်၏ ခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဘက်စလုံးက အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိသော်လည်း ဘလင်ကန်သည် အသစ်ခန့်အပ်ထားသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း နှင့် တွေ့ဆုံရန် မျှော်မှန်းထားပြီး သမ္မတ ရှီနှင့်ပါ တွေ့ဆုံနိုင်ချေရှိနေသည်။

ဘလင်ကန်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း တရုတ်နိုင်ငံသို့ သွားရောက်မည့် ပထမဆုံးအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်းဘင်းက ပေကျင်းသို့ ဘလင်ကန် လာရောက်မည့်အပေါ် ကြိုဆိုပါကြောင်းနှင့် ဘင်လန်ကင်သည် ရှီနှင့် ဘိုင်ဒင်၏ အစည်းအဝေး လမ်းစဉ်ဖြစ်သော တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်၍ အမြင်လွဲမှုမရှိသော လမ်းကြောင်းပေါ်သို့ ပြန်လည်တွန်းပို့ရာတွင် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

Source:CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါင်ရေး ဆွေးနွေး

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇွန် (၉) ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သော ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် (၃)ဦးတို့၏ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြီးနောက် ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ (၁၀)ရက်၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၆) ပေခန့်သာလိုပြီး ယနေ့ မြစ်ရေတက်နှုန်းမှာ ၂၄ နာရီအတွင်း (၅) ပေကျော် ရှိကြောင်းတွေ့ရသည်ဟုဆို သည်။ နောက် (၂၄)နာရီအတွင်း ပဲခူးမြစ်အထက်ပိုင်း(ဇောင်းတူ)နှင့် ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာနိုင်သည့်အတွက် နောက် (၄၈) နာရီအတွင်း ပဲခူးမြစ်၏ စိုးရိမ်ရေမှတ် (၂၈ဒဿမ ၈၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071