Sunday, May 25, 2025

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈)...

China – ASEAN ပိုက်ကျော်ခြင်း...

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌...
HomeInternationalအိန္ဒိယနှင့်ဂျပန်တို့ တိုကျိုမြို့အနီး၌ ပထမဆုံး...

အိန္ဒိယနှင့်ဂျပန်တို့ တိုကျိုမြို့အနီး၌ ပထမဆုံး ပူးတွဲတိုက်လေယာဉ် စစ်ရေးလေ့ကျင့်မှုကိုစတင်

တိုကျို၊ဇန်နဝါရီ ၁၆

ဂျပန်နှင့်အိန္ဒိယတို့ကြား ပထမဆုံးသော ပူးတွဲတိုက်လေယာဉ်လေ့ကျင့်မှုကို တနင်္လာနေ့ကစတင်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

တိုကျိုအရှေ့မြောက်ဘက် အီဘရခိစီရင်စု၏အရှေ့မြောက်ပိုင်းရှိ လေတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ASDF) က ဟရာခုရိ လေတပ်စခန်း၌ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုသည် ဇန်နဝါရီ ၂၆ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။

စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ အပြန်အလှန် နားလည်မှုမြှင့်တင်ရန်၊ လေတပ်များကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် တပ်ဖွဲ့၏နည်းဗျူဟာ ကျွမ်းကျင်မှုမြှင့်တင်ရန်ဖြစ်ကြောင်း ASDF ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ဟု Japan Times သတင်းဌာန၌ပါရှိသည်။

အင်ဒို – ပစိဖိတ်ဒေသတွင် တရုတ်၏စစ်အင်အား တိုးချဲ့လာနေမှုကြားမှ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများကို ခိုင်မာစေရန်အတွက် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

တိုကျိုသည် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏လုံခြုံရေးမဟာမိတ်များကွန်ရက်ကို ချဲ့ထွင်လာပြီး အိန္ဒိယသည် ယခုအခါ အမေရိက၊သြစတြေးလျ၊ဗြိတိန်နှင့်ဂျာမနီတို့နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်ရန်အတွက် ဂျပန်သို့တိုက်လေယာဉ်များစေလွှတ်သည့် ပဉ္စမမြောက်နိုင်ငံဖြစ်လာခဲ့သည်။

အိန္ဒိယနှင့်ဂျပန်တို့၏ မြေပြင်နှင့်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုမူ ပြုလုပ်နေပြီဖြစ်သည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား တစ်ရက်လျှင် (၂)ချိန်ခွဲ၍ ကုသပေးနေ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈) နာရီမှ(၁၂)နာရီအထိတစ်ကြိမ်၊ မွန်းလွှဲ (၂)နာရီမှ (၄)နာရီအထိ တစ်ကြိမ် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်တွင် ကြည့်ရှု ကုသပေးလျက်ရှိသည်ဟု ဆိုသည်။ အဆိုပါ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (New YGH)လေးထပ်ဆောင်သစ်သို့ ဧပြီ (၁၀) ရက်မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လေ့ကျင့်ခန်များဖြင့် ကုသခြင်း၊ စက်များဖြင့် ကုသခြင်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

China – ASEAN ပိုက်ကျော်ခြင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား Glory Sport က အားကစားဝတ်စုံများ ပံ့ပိုး

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory Sport က အားကစားဝတ်စုံများ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအတွက် လိုအပ်သည့် ပြိုင်ပွဲဝင်ဂျာစီ၊ ပိုလိုရှပ်များ၊ Tracksuit များအပြင် အခြားအသုံးအဆောင်များအားပေးအပ်ခဲ့ပြီး 2025 SEA Games ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့အတွက်လည်း လိုအပ်သည့် Training Jersey များကိုလည်း ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ Glory Sport...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။ " တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071