Monday, June 9, 2025

မြန်မာနှင့် အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်အသင်း...

မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်း ယမန်နေ့ ဇွန် (၈) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာ...

ONE တွင် နာမည်ရလာသည့် ရိုးရာဖိုက်တာ...

လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့်...

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...
HomeNewsLocal Newsဆက်တိုက်နီးပါး မြင့်တက်လာသည့် ပြည်တွင်းရွှေဈေး...

ဆက်တိုက်နီးပါး မြင့်တက်လာသည့် ပြည်တွင်းရွှေဈေး ယနေ့ အနည်းငယ်ပြန်ကျ

ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ ဆက်တိုက်နီးပါး မြင့်တက်လာသည့် ပြည်တွင်း ရွှေဈေးနှုန်းမှာ ယနေ့ ဇန်နဝါရီ (၁၆)ရက်တွင် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့သည်။

ပြည်တွင်း ရွှေဈေးကွက်တွင် ယနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်၌ အခေါက်ရွှေ (၁)ကျပ်သားလျှင် ၂,၈၄၀,၀၀၀ ဝန်းကျင် ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်ကြပြီး ယမန်နေ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၀,၀၀၀ ဝန်းကျင် ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ လဆန်းပိုင်းက စတင်ကာ အတက်ဖက်သို့ ဦးတည်လာသည့် ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် တစ်ပတ် ဈေးကွက်ပိတ်ချိန်တွင် တစ်ကျပ်သား ၂,၈၇၀,၀၀၀ကျပ်ဝန်းကျင်အထိ ဈေးရောက်ခဲ့ပြီး တဖြေးဖြေးပြန်လည် ကျဆင်းလာခြင်းလည်း ဖြစ်သည်။

” ဒီနေ့တော့ နည်းနည်း ပြန်ကျ‌ပါတယ် ။ ၁၀,၀၀၀ ဝန်းကျင်ပေါ့။ အစိုးရရဲ့ ထိန်း​ကြောင်းမှုလည်းပါတယ် ။ ဝယ်လိုအား ရောင်းလိုအားနဲ့လည်း ဆိုင်တာပေါ့ ” ဟု ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယခုလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပြည်တွင်း ရွှေဈေးကွက်တွင်ပါ ဈေးနှုန်းမတည်မငြိမ် ဖြစ်ပေါ်စေခဲ့ပြီး ကောလာဟလနှင့် ဈေးကစားမှုများသည်လည်း ရွှေဈေးနှုန်းကို မတည်ငြိမ်စေသည့် အကြောင်းအရင်း တစ်ခုအဖြစ်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

ယ‌နေ့ ဇန်နဝါရီ (၁၆) ရက် ညနေပိုင်း ရန်ကုန်တိုင်း ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၂၅၇,၃၀၀ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၆ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ မန္တလေး အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့မှ ရွှေလုပ်ငန်းရှင်အသင်းများအနေဖြင့် ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းအောက် ရောင်းချရန် မေတ္တာရပ်ခံထားပြီး ၂၇ သိန်း အထက် ရောင်းချသည့် ရွှေဆိုင်များကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းကာ အမည်ပျက်စာရင်း ကြော်ငြာသည်အထိ အရေးယူမည်ဟုလည်း ပြောဆိုထားသည်။

စျေးကွက်အတွင်းအမြင့်စျေးဖြင့်ဝယ်ထားမိသည့် သူများမှလည်း စျေးနှုန်ဆွဲတင်ရန်အတွက် ညှိနှိုင်းဝယ်ယူခြင်းများလည်းရှိနေကြောင်း ရွှေအရောင်းအဝယ်လုပ်ကိုင်နေသူများထံမှကြား​နေရသည်များလည်းရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှင့် အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်အသင်း ရန်ကုန်မြို့သို့ရောက်ရှိ

မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်း ယမန်နေ့ ဇွန် (၈) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာ - ပါကစ္စတန် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ဇွန် (၉) ရက် ညနေ (၄) နာရီခွဲအချိန်တွင် သုဝဏ္ဏကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်ဘက်အသင်းတို့ Official Training ပြုလုပ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲကျင်းပရန် (၁) ရက်သာလိုတော့ပြီး ဇွန် (၁၀) ရက် ညနေ (၅)နာရီအချိန်၌ ရန်ကုန်မြို့၊...

ONE တွင် နာမည်ရလာသည့် ရိုးရာဖိုက်တာ သွေးလင်းထက် Lumpinee – 112 ပွဲစဉ်တွင် ဒုခေါင်တွဲဆိုင်းအနေဖြင့် ထိုးသ -တ်ရမည်

လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့် ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ ခရစ်ပက်ချ်သည် ONE တွင် (၅)ပွဲထိုး (၃) ပွဲရှုံး (၂)ပွဲ နိုင်ရလဒ်ပိုင်ဆိုင်ထားသည့် မာဂုဏ်မြင့် ဖို-က်တာတစ်ဦး ဖြစ်သည်။ ယခုပွဲစဉ်အတွင်း ရိုးရာဖိုက်တာ (၃) ဦးအထိ ပါဝင်ထိုးသ - တ်သွားမည်ဖြစ်ကာ၊ ရိုးရာဖိုက်တာ မိုးထက်အောင်နှင့်မျက်နှာသစ် ရိုးရာဖိုက်တာ စောမင်းမင်းဆိုသူလည်း ပါဝင်လာသည်။ ရိုးရာဖိုက်တာ မိုးထက်အောင်မှာ မွေထိုင်းဖိုက်တာ...

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071