Sunday, May 25, 2025

ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့်...

ယနေ့ မေ (၂၅)ရက်မှစ၍ ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများ အပါအဝင် ရေကြောင်း၊ လေကြောင်းခရီးစဉ်များ သတိပြုရန် မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)က...

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင်...

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း...

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈)...

China – ASEAN ပိုက်ကျော်ခြင်း...

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory...
HomeNewsLocal Newsမော်တင်စွန်းဘုရားပွဲ (၁၅) ရက်ကြာကျင်းပသွားမည်

မော်တင်စွန်းဘုရားပွဲ (၁၅) ရက်ကြာကျင်းပသွားမည်

ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်သည့် မြတ်မော်တင်စွန်းဘုရားပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၉ရက်မှ မတ်လ ၅ ရက်နေ့အထိ ၁၅ ရက်ကြာကျင်းပပြုလုပ်သွားရန်ရှိကြောင်း ငပုတောမြို့နယ် ဒေသခံပြညသူတစ်ဦး က ပြောသည်။

အဆိုပါ ဘုရားပွဲကျင်းပမည်ရက်သည် ဖေဖော်ဝါရီ ၁၉ရက်(တပေါင်းလဆန်း ၁ရက် )ဖြစ်ပြီး၊ မတ်လ ၅ရက်(တပေါင်း လပြည့်နေ့)အထိ ကျင်းပမည်ဖြစ်ကြောင်း ဆိုသည်။

” အခုလက်ရှိတော့ ဘုရားရင်ပြင်တော်ပြင်ဆင်တာတွေလုပ်နေတယ်။ ဒေသခံတွေအဖို့ကတော့ ထွေထွေထူးထူးမရှိပါဘူး။ ဘုရားပွဲကနှစ်စဉ်ကျင်းပနေတာဘဲလေ။ ဒီလကုန်လောက်ဆို ပွဲတော်ဖြစ် မြောက်ရေးကော်မတီကတော့ ဘယ်လိုအစီအစဉ်တွေနဲ့လုပ်မလဲဆိုတာ ထုတ်ပြန်လာပါလိမ့်မယ်”ဟု ၎င်း က ဆိုသည်။

လက်ရှိတွင် မော်တင်စွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းများကို ပွဲတော် ရက်မတိုင်ခင် ပြီးစီးရန် ပြုလုပ်နေပြီး မဟာမြိုင်တောရ ဆရာ တော်ကြီးမှ ဦးဆောင်၍ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်တင်စွန်းဘုရားသည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းအနီး ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူတွင်တည်ရှိသည့် ဆံတော်ရှင် စေတီတော်မြတ်တစ်ဆူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများအပါအဝင် ရေကြောင်းလေကြောင်း ခရီးစဉ်များ သတိပြုရန် နှိုးဆော်

ယနေ့ မေ (၂၅)ရက်မှစ၍ ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများ အပါအဝင် ရေကြောင်း၊ လေကြောင်းခရီးစဉ်များ သတိပြုရန် မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)က အသိပေးနှိုးဆော်ထားသည်။ မိုး/ဇလ၏ အသိပေးချက်တွင် မိုးရွာသွန်းခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းနှင့်အတူအဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်း စသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။ ထို့ပြင် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှု အန္တရာယ်ကိုလည်း ကောင်း၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်၊ မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းအန္တရာယ်နှင့်...

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင် ရှိဆဲဟုဆို

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ မေလ (၂၄)ရက် ညပိုင်းက မယ်ဆိုင်ချောင်းရေမှတ်မှာ(၃၁၆) စင်တီမီတာသို့ ရောက်ရှိနေရာမှ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ "ရေကတော့ ကျသွားပြီး၊ မိုးလာပြီဆိုတော့ ချောင်းရေကအမြဲ စောင့်ကြည့်ရမယ့်အခြေအနေပါ။ နောက်ပိုင်း မိုးရက်ဆက်ရွာရင်ချောင်းရေက ဒီလိုပဲတက်နေမှာပဲ။ ဒါကလည်း နှစ်စဉ်ကြုံ တွေ့နေရတဲ့ဟာပေါ့။ နှစ်နိုင်ငံတာဝန်ရှိသူတွေလည်း ကြိုတင်ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်နေကြပါတယ်။ အဓိက အမှိုက်ပြဿနာပေါ့။ ချောင်းရေကလည်း...

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား တစ်ရက်လျှင် (၂)ချိန်ခွဲ၍ ကုသပေးနေ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈) နာရီမှ(၁၂)နာရီအထိတစ်ကြိမ်၊ မွန်းလွှဲ (၂)နာရီမှ (၄)နာရီအထိ တစ်ကြိမ် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်တွင် ကြည့်ရှု ကုသပေးလျက်ရှိသည်ဟု ဆိုသည်။ အဆိုပါ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (New YGH)လေးထပ်ဆောင်သစ်သို့ ဧပြီ (၁၀) ရက်မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လေ့ကျင့်ခန်များဖြင့် ကုသခြင်း၊ စက်များဖြင့် ကုသခြင်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071