မြန်မာ-တရုတ် နှစ်နိုင်ငံအရေးကြီးသည့် စီမံကိန်းများအရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ရန်ဆွေးနွေး

0
145

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေနှင့်တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ဌာန၊အာရှရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် မစ္စတာလျှိုကျင်းဆုံတို့ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦး တင်မောင်ဆွေမှ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန် ကြီးဌာန၊အာရှရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ် မစ္စတာလျှိုကျင်းဆုံ အား ဇန်နဝါရီ ၁၀ ရက်နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်၊နှစ်နိုင်ငံကြား အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်သွားရန်တို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံ အရေးကြီးသည့် စီမံကိန်းများအား အရှိန်အဟုန်မပျက်ဆက်လက်လုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here