ဆန်သိုလှောင်ရုံ၌ တစ်နာရီနီးပါးခန့်ကြာ မီး လောင်မှု မြောင်းမြမြို့နယ်တွင်ဖြစ်ပွား

0
168

ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊ကွယ်လွယ်ကျေး ရွာရှိ ဆန်သိုလှောင်ရုံ၌ ဇန်နဝါရီ ၁၁ ရက်(ယနေ့)နံ နက်အစောပိုင်းက တစ်နာရီနီးပါးခန့်ကြာ မီး လောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်ခန့်က မြောင်းမြမြို့နယ်၊ကွယ်လွယ်ကျေးရွာ၊မြနန္ဒာရပ် ကွက်ရှိ ဆန်သိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းအရ မြောင်းမြခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊မီးသတ်ရေသယ်ယာဉ် ၄ စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီတွင်မီး ငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့သတင်းရတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူဝိုင်းငြှိမ်းပေးခဲ့ပါတယ် လူနာရှိရင် ကယ်ဆယ်ရေးလုပ်လို့ရအောင် လူနာတင်ကားတွေကိုလည်း အဆင်သင့်လုပ်ထားတယ် ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here