Thursday, May 29, 2025

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...
HomeNewsLocal Newsမြန်မာနေရှင်နယ်လိဂ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်အသင်း...

မြန်မာနေရှင်နယ်လိဂ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်အသင်း ကစားသမားသစ်များရွေးချယ်

မြန်မာနေရှင်နယ်လိဂ်(၁)၏ ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် ကစားသမားသစ်များအား ဇန်နဝါရီ ၁၀ ရက်(ယနေ့)မှစတင်၍ ရွေးချယ်လျက်ရှိသည်။

ရခိုင်ယူနိုက်တက်အသင်းအတွက် ကစားသမားသစ်ရွေးချယ်ခြင်းအား ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ဗဟန်းမြို့နယ်ရှိ ဗဟန်းမြက်ခင်းတုကွင်း၌ ရွေးချယ်လျက်ရှိခြင်းဖြစ်ကာ ယနေ့ ကစားသမားသစ်ရွေးချယ်ပွဲသို့ ဘောလုံးကစားသမား ၅၀ ဦးခန့်လာရောက်ရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်(၁)၏ ၂၀၂၃ ဘောလုံးရာသီသစ်အား ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ၃/၂၀၂၂ ဆုံးဖြတ်ချက်အရ သိရသည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်(၂)ပြိုင်ပွဲအား ဖေဖော်ဝါရီလကုန်နှင့်အမျိုးသမီးလိဂ်ပြိုင်ပွဲအား ဇူလိုင် ၂၀ ရက်မှစတင်၍ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၏ မြန်မာနေရှင်နယ်လိဂ်(၁)တွင် ရှမ်းယူနိုက်တက်အသင်းသည် ရှုံးပွဲမရှိဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိအချိန်၌ ၂၀၂၃ ဘောလုံးရာသီတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် ဘောလုံးကလပ်အသင်းများမှာ ကစားသမားသစ်များကို အပြိုင်အဆိုင်ခေါ်ယူလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက ပြောသည်။            တီမောကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အာဆီယံခေါင်းဆောင်များက သဘောတူလိုက်ခြင်းသည် အဖွဲ့ကို အားကောင်းစေရန် အထောက်အကူဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် Bolbongse Vangphaen က ပြောကြားခဲ့သည်။ “တီမောလက်စ်တီးကို ပေါင်းထည့်တာဟာ အာဆီယံကို ပိုမိုအားကောင်းလာစေဖို့ တပ်ဆင်ပေးလိုက်သလိုပါပဲ” ဟု ကွာလာလမ်ပူတွင် မလေးရှားနိုင်ငံက ဦးဆောင်ကျင်းပသည့် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ရလဒ်နှင့်ပတ်သက်သော...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။ "ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071