Friday, May 30, 2025

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့မေ ၃၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးဦးဆောင်၍...

ပါကစ္စတန်၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၉...

အစ္စလာမာဘတ်၊မေ ၂၈ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်း‌ေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက...

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို...
HomeNewsLocal Newsလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်တိုင်းရင်းသားဒေသများသို့ ဝေဠုကျော်ဖောင်ဒေးရှင်းက အနွေးထည်အသစ်...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်တိုင်းရင်းသားဒေသများသို့ ဝေဠုကျော်ဖောင်ဒေးရှင်းက အနွေးထည်အသစ် နှစ်သောင်းကျော် ပေးပို့လှူဒါန်း

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းရင်းသားဒေသများဖြစ်သော ချင်းပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဝေဠုကျော်ဖောင်ဒေးရှင်းက ယခုနှစ်အတွက်အနွေးထည်နှင့် အဝတ်အထည်အသစ်စုစုပေါင်း နှစ်သောင်းကျော်ကိုပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းဖောင်ဒေးရှင်းအဖွဲ့တာဝန်ခံ မညိုမီသိန်းက ပေါ်ပြူလားနယူးစ် သို့ ပြောသည်။

ဝေဠုကျော်ဖောင်ဒေးရှင်းအနေဖြင့် နှစ်စဉ် ဆောင်းရာသီသို့ရောက်ရှိတိုင်း ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသများရှိ ကလေးငယ်များအပါအဝင် သက်ကြီးရွယ်အိုများအတွက် လှူဒါန်းပေးပို့လျက်ရှိသည်ဟု ဆိုသည်။

” ကျွန်မတို့ ရန်ကုန်တိုင်းကလွဲလို့ အခြားဝေးလံတဲ့အရပ်ဒေသက ကလေးငယ်တွေအတွက်ရော သက်ကြီးရွယ်အိုတွေအတွက်ပါ အနွေးထည်အသစ် အဝတ်အစားအသစ်တွေကိုပေးပို့လှူဒါန်းတာရှိသလို ကိုယ်တိုင်လည်းသွားလှူပေးတာမျိူတွေရှိပါတယ်။ ဒီနှစ်ဆို ချင်းပြည်နယ်က ပလက်ဝ အရှိုချင်းလူမျိုးနဲ့ တစ်ဖက်မှာ ဆလုံလူမျိုးစုတွေအတွက်ပါ လှူဒါန်းပေးနေတာပါ။ ပြော
ရရင်တော့ ရခိုင်၊ ချင်း၊ ကရင်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အစုံကို လှူဒါန်ပေးနေပါတယ်”ဟု ဒေါ်ညိုမီသိန်းကဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ချင်းပြည်နယ်တောင်ပိုင်း၊ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ ရွာများသို့ ဒုတိယအကြိမ် အနွေးထည်နှင့် အဝတ်အထည်အသစ် (၁၁၂၀) ထည်ကိုလည်း ‌ဒေသခံပရဟိတအဖွဲ့တစ်ခုမှတဆင့် ပေးပို့‌လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းဒေသသည် ရခိုင်ပြည်နယ်နှင့်ဆက်စပ်လျက်ရှိပြီး တိုက်ပွဲဒဏ်ခံရသော မြို့ရွာများဖြစ်သည့်အတွက် တိုက်ပွဲရှောင်စခန်းများလည်းရှိကြောင်း ဆိုသည်။

ထို့အပြင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း၌လည်း ချင်းပြည်နယ် ၊မင်းတပ်မြို့ ၊ ကျေးရွာများသို့လည်းကောင်း၊ ကရင်ပြည်နယ် ၊လိပ်သိုမြို့ရှိ တောင်ပေါ်ရွာအချို့အား လည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြကြောင်း ယင်းဖောင်ဒေးရှင်ထံမှ သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွက် အနွေးထည်ပေါင်း ၃၀၀၀၊ ကချင်ပြည်နယ် ၁၁၀၀ ၊စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ) ၃၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး (ကလေး) ၁၇၀၀၊ မကွေးတိုင်းဒေသကြီး ၂၀၀၀၊ ချင်းပြည်နယ် ၁၄၀၀ ၊ရခိုင် ပြည်နယ်၂၀၀၀၊ ကရင်ပြည်နယ် ၁၅၀၀နှင့် ရှမ်းပြည်နယ် ၁၅၀၀ တို့ကိုပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ကြည့်ရှုစစ်ဆေးမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့မေ ၃၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးဦးဆောင်၍ စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ၊ ဒု-ဗိုလ်ချုပ်ကြီးသက်ပုံ၊ တာဝန်ရှိသူများ၊ အင်ဂျင်နီယာပညာရှင်များ၊ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက ကရိန်းအသုံးပြုတက်ရောက်၍ စိန်ဖူးတော်၊ ရွှေထီးတော်နှင့် စေတီတော်ကြီး၏ မျက်နှာပြင်ပေါ်ရှိအက်ကွဲကြောင်းကြီးများကို ကြည့်ရှုစစ်ဆေးသွားကြမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၂၃ ရက်နံနက်ပိုင်းကလည်း သီတဂူဆရာတော်ကြီးသည် ငလျင်ဒဏ်သင့်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ မျက်နှာပြင်ကွဲအက်သွားမှုအား ပြုပြင်မွန်းမံနိုင်ရန် ကြည့်ရှုစစ်ဆေးတော်မူခဲ့ကြောင်း သိရသည်။ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မှာ ငလျင်ဒဏ်ကြောင့်ပြု--တ်-ကျ၍...

ပါကစ္စတန်၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၉ ဦး‌ေ-သ၊ ဒါဇင်နှင့်ချီဒဏ်ရာရရှိ

အစ္စလာမာဘတ်၊မေ ၂၈ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်း‌ေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက နိုင်ငံတစ်ဝန်းရှိ တိရစ္ဆာန်များပါ အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သဘာဝဘေး စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အရှေပိုင်းပန်ဂျပ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သကဲ့သို့ ကျန်ပြည်နယ်အသီးသီး၌လည်း ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်။ လေပြင်းဒဏ်ကြောင့် အဆောက်အအုံပြိုကျ သော ဖြစ်ရပ်ပေါင်း ၁၅၀ ကျော်လည်းဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူများထဲတွင် အမျိုးသမီးနှင့်ကလေ--းငယ်များလည်းပါဝင်သည်ဟုသိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ဆိုလာပြားများနှင့် မော်တော်ယာဉ်များအပါအဝင်...

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။       နယ်စပ်မြို့ဖြစ်သော ပွိုင်ပက်တွင် အွန်လိုင်းလောင်းကစားနှင့် ခေတ်မီဆန်းပြားသော ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အဆောက်အအုံကို ပစ်မှတ်ထား၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။           ငွေလိမ်လုပ်ငန်းများတွင် ဂျပန်နိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းပေးချက်အရ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးအာဏာပိုင်များက အင်္ဂါနေ့တွင် စီးနင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အတည်ပြုခဲ့ပြီး လက်ရှိတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071