Monday, June 1, 2026

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E....

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt....

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊...
HomeNewsLocal Newsမဟာအောင်မြေကျောက်ဝိုင်းအနီးရပ်ထားသည့် ကားနောက်ဖုံးအတွင်း၌ ဒဏ်ရာများဖြင့်သေဆုံးနေသော...

မဟာအောင်မြေကျောက်ဝိုင်းအနီးရပ်ထားသည့် ကားနောက်ဖုံးအတွင်း၌ ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေကျောက်ဝိုင်းအနီးရပ်ထားသည့် ကိုယ်ပိုင်ကားတစ်စီး၏နောက်ဖုံးအတွင်းမှ ဇန်နဝါရီ ၈ ရက်ညပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊ ၃၈လမ်း၊၈၇ လမ်းနှင့် ၈၉ လမ်းကြားရှိ မဟာအောင်မြေကျောက်ဝိုင်းအနီးတွင်ရပ်ထားသည့် MDY 5D/8886 Honda Fit ကားနောက်ဖုံးအတွင်း၌ အဝတ်စဖြင့်အုပ်ထားသည့် အသက်(၃၅)နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“အဲဒီကားကရပ်ထားတာကြာနေပြီ မသင်္ကာတာနဲ့အနီးနားမှာနေတဲ့လူတွေက သက်ဆိုင်ရာကိုအ ကြောင်းကြားတဲ့အတွက် တာဝန်ရှိတဲ့လူတွေလာပြီး စစ်ဆေးတဲ့အချိန်မှာတွေ့တာပါ နာမည်၊နေရပ်လိပ်စာတွေကတော့ စုံစမ်းဆဲပါ စစ်ဆေးဖို့လုပ်တဲ့အချိန် ကားတံခါးတွေကလော့ချထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ အမျိုးသားသည် အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ လည်ပင်းတွင်ကြိုးဖြင့်ညှစ်ထားသည့်ဒဏ်ရာ၊မျက်လုံးနှစ်ဖက်ဖူးရောင်၊နှာခေါင်းသွေးထွက်၊ညာနားထင်ပွန်းရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ပြင် ကားရှေ့ခန်းတွင် MDY 5D/8886 နံပါတ်ပါ ဘီးခွန်စာရွက်၊ O Hway အမည်ပါ GYM ကဒ်တစ်ကဒ်၊ဖုန်းအားသွင်းကြိုးတစ်ချောင်း၊သစ်သားပုတီးလက်ကောက် ၁ ကုံး၊ 5D/8886 ယာဉ်၏ ယာဉ်စည်းကမ်းလမ်းစည်းကမ်းချလံတစ်ရွက်၊ကားအလယ်ခန်းတွင် ‌ချိန်ခွင်ထည့်ထားသည့် ပလက်စတစ်ပုံးအစိမ်းတစ်လုံး၊ကျောက်စိမ်းပစ္စည်းများထည့်ထားသည့် ပလက်စတစ်အဖြူပုံးတစ်ပုံး၊ကားနောက်ဖုံးတွင် ရုပ်အလောင်းအား အုပ်ထားသည့် ခန်းစည်းစ ၁ ခု၊အထိုင်ခင်းစ ၂ ခု၊ကြိမ်ထိုင်ခုံအသေးတစ်လုံး၊ပလပ်စတစ်ခြင်း ၂ ခု၊စတီးရေနွေးဗူးတစ်လုံးတို့အား ရှာဖွေတွေ့ရှိခဲ့သည်။

ရုပ်အလောင်းအား မဟာလူမှုကူညီရေးအသင်းမှမန္တလေးအထွေထွေဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Anhui ပြည်နယ် — သဘာဝအလှ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ ပေါင်းစည်းရာဒေသ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui ပြည်နယ်၏ Fuyang မြို့သည် စက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုနေသည့် မြို့တစ်မြို့ဖြစ်သည်။ Fuyang Zhigu Industrial Park တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာနေသည်ကို မြင်တွေ့ရသည်။ Huashiyadi Silk Museum တွင်လည်း တရုတ်နိုင်ငံ၏ ရိုးရာပိုးထည်လုပ်ငန်းသမိုင်းနှင့် ခေတ်မီစက်မှုထုတ်လုပ်ရေးစနစ်တို့ကို ပေါင်းစပ်ထားပုံကို လေ့လာနိုင်ခဲ့သည်။ Shuangqing...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေး မြန်မာ-အိ န္ဒိယ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးအရဆက်ဆံရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန်အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိသည့် နားလည် မှုစာချွန်လွှာများ၏...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တွေ့ဆုံ

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် အိန္ဒိယနိုင်ငံသမ္မတအိမ်တော် ဧည့်ခန်းမ၌ ယနေ့ ဇွန် ၁ ရက်ကတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့်အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသတ်မှတ်ကာလအတွင်းပြီးစီးရေးဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုး တက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအ နေများ၊ နှစ်နိုင်ငံကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071