Looking for something?

Explore the website

Looking for something?

Sunday, June 15, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလာ ၊...

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလာ ၊ ယနေ့ဈေးနှုန်း တစ်လီတာ ၁၉၅၀ သို့ ရောက်

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တဖြေးဖြေးကျဆင်းလာသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး ယနေ့ နံနက်ပိုင်းတွင် တစ်လီတာ ၁၉၅၀ ကျပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းအထိ တစ်လီတာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေရာမှ ယခုတပတ်အတွင်း တဖြေးဖြေးအကျဖက်သို့ ဦးတည်လာနေခြင်းလည်း ဖြစ် သည်။

ယနေ့ ဇန်နဝါရီ (၈) ရက် နံနက်ပိုင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ၏ ရည်ညွှန်းဈေးနှုန်းများအရ တစ်လီတာလျင် ၃၀ ဝန်းကျင်ထပ်မံ ကျဆင်းခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက တစ်လီတာ ၂၀၀ ကျပ်ဝန်းကျင်အထိ ဆက်တိုက် ကျဆင်းလာခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီ (၈)ရက်အတွက် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းများမှာ 92 Ron တစ်လီတာလျင် ၁၉၅၀ ကျပ်ဖြစ်ပြီး 95 Ron တစ်လီတာ ၂၀၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ကားရည်ညွှန်းဈေးနှုန်းများ အနေဖြင့် 92 Ron တစ်လီတာလျင် ၁၈၅၂ ကျပ် ဖြစ်ပြီး 95 တစ်လီတာကို ၁၉၂၂ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်းသတ်မှတ်ပေးထားခြင်း ဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီ အခြေခံရည်ညွှန်းဈေးမှားကို အပတ်စဉ် သတ်မှတ်ပေးနေခြင်းဖြစ်ပြီး အဆိုပါဈေးနှုန်းများအတိုင်း ရောင်းချစေခြင်းလည်း ဖြစ်သည်

မန္တလေးတိုင်းအတွက် ယနေ့သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းမှာ 92 တစ်လီတာလျှင် လက်လီအနေ ဖြင့် ၁၉၉၅ ကျပ်နှင့် လက်ကားဈေးနှုန်းမှာ တစ်လီတာလျင် ၁၉၂၃ ကျပ် ဖြစ်ပြီး 95 တစ်လီတာလျင် လက်လီဈေးနှုန်း ၂၀၇၀ ကျပ်နှင့် လက်ကားဈေးနှုန်းမှာ ၁၉၉၄ ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်း ရောင်းချရမည့် ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဈေးနှုန်းအနေဖြင့် တစ်လီတာလျင် ၂၁၇၄ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ပေးထားပြီး မန္တလေးတိုင်းတွင် တစ်လီတာ ၂၂၄၇ ကျပ်ဖြင့် ရောင်းချရန်သတ် မှတ်ပေးထားသည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို မရိုးဖြောင့်သော နည်းလမ်းများဖြင့် ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071