Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeNewsLocal Newsဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အရှေ့ဒဂုံစက်မှုဇုန်ရှိ သတ္တုအရည်ကြိုစက်ရုံ၌...

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အရှေ့ဒဂုံစက်မှုဇုန်ရှိ သတ္တုအရည်ကြိုစက်ရုံ၌ သတ္တုဘလောက်တုံးဖြတ်တောက်စဥ်ပေါက်ကွဲ၍ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အရှေ့ဒဂုံစက်မှုဇုန်၊ဖန်ချက်ဝန်ဦးညွှန့်လမ်းရှိ သတ္တုအရည်ကြိုစက်ရုံ၌ ဇန်နဝါရီ ၆ ရက်(ယနေ့)နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ဒဂုံမြိုသစ်(အရှေ့ပိုင်း) မြို့နယ်၊ ၁၁၁ ရပ်ကွက်ရှိ အရှေ့ဒဂုံစက်မှုဇုန်၏ သတ္တုအရည်ကြိုစက်ရုံ၌ သတ္တုဘလောက်တုံးအားဖြတ်တောက်စဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြတ်နေတဲ့ သတ္တုဘလောက်တုံးထဲမှာ ဂတ်စ်ဘူးပါတာကိုမသိဘဲဖြတ်လိုက်တဲ့အတွက် ပေါက်ကွဲသွားတာလို့တော့ တာဝန်ရှိသူတွေကစစ်ဆေးချက်ရှိထားတယ် အတိအကျကိုတော့ကျွန်တော်တို့လည်းမသိဘူး ထုံဟုန်သတ္တုအရည်ကြိုစက်ရုံမှာဖြစ်သွားတာပါ”ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် စက်ရုံအလုပ်သမားများဖြစ်သည့် ကိုသက်မျိုး(၃၃)နှစ်မှာ မျက်နှာ၊ရင်ဘတ်၊ညာလက်နှင့်ညာခြေသလုံးတို့၌ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးအောင်ကျော်သူ(၄၅)နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်၊

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များမှလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071