Sunday, May 25, 2025

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက်...

ညောင်တုန်းတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များရေထဲပါ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ရွာ၌ ယမန်နေ့မေလ(၂၄)ရက် ညက မြစ်ကမ်းပါးပြိုကျကာ အိမ်ခြေ (၁၈) လုံး ရေထဲ မျောပါသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညသန်းခေါင်ကြီး...

ကိုဗစ် – ၁၉ ရောဂါ...

အိမ်နီးချင်း နိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခ...

ထိုင်းတွင် ​ဖော်မြူလာဝမ်း ကား​မောင်းပြိုင်ပွဲ ​ကျင်းပနိုင်ရေး...

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် ထိုင်းနိုင်ငံတွင် ​ဖော်မြူလာဝမ်းကား​မောင်းပြိုင်ပွဲအတွက် ရည်မှန်းထားသည်များကို မိုနာကိုမင်းသား ဒုတိယ​မြောက် အဲလ်ဘတ် နှင့် ယမန်​နေ့က ​တွေ့ဆုံဆွေးနွေးခဲ့သည်။ ​ဖော်မြူလာဝမ်း၏ အလားအလာနှင့် ထိုင်းနိုင်ငံ၏...
HomeNewsLocal Newsယနေ့မွန်းတည့်ပိုင်းက အင်းတော်မြို့အား ဗဟိုပြု၍...

ယနေ့မွန်းတည့်ပိုင်းက အင်းတော်မြို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊အင်းတော်မြို့အား ဗဟိုပြု၍ ယနေ့မွန်းတည့်ပိုင်းက အင်အားရစ်(ခ်)တာစကေး ၄ ဒ သမ ၇ အဆင့် အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခပ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးခဲ့သည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၂၁ မိနစ် ၂၅ စက္ကန့်က ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့်အကွာ အင်တော်မြို့၏ မြောက်-အ နောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၃၃ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒသမ ၀၉ ဒီဂရီ၊အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့သည်။

“ဟုတ်တယ်ဗျ အခုလေးတင်လှုပ်သွားတာ သိသိသာသာကြီးကိုလှုပ်တယ် ကျွန်တော်တို့အိမ်က ပျဥ်ထောင်အိမ်ဆိုတော့ အတော်သိသာတယ်။ အိမ်တွေပါယမ်းခါသွားတာ ပစ္စည်းတွေလည်းအောက်ပြုတ်ကျသွားတယ်”ဟု အင်းတော်မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ အတွင်းကလည်း မန္တလေးတိုင်းအတွင်း၌ အင်းအားအနည်းငယ်နှင့်အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခပ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက် နေ့က ရဟတ်ယာဉ်များသုံးကာ ချပေးခဲ့သည်။ မြို့များ အဆက်အသွယ်ပြတ်တောက်ပြီး တိရစ္ဆာန်များ ရေမျောပါခဲ့ခြင်းနှင့် နေအိမ်များ ပျ-က်စီးမှုဖြစ်ခဲ့သည့် ရက်ပိုင်းကြာ ရေကြီးမှုဖြစ်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်၏ ကမ်းရိုးတန်းဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ရက်နှင့်ချီ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီး၍ အိမ်ခြေ (၁၀,၀၀၀) ခန့် ပျ-က်စီးနိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းသည်။ ရေကြီး‌သောကြောင့် ဒေသခံ (၃၂,၀၀၀)...

ညောင်တုန်းတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များရေထဲပါ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ရွာ၌ ယမန်နေ့မေလ(၂၄)ရက် ညက မြစ်ကမ်းပါးပြိုကျကာ အိမ်ခြေ (၁၈) လုံး ရေထဲ မျောပါသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညသန်းခေါင်ကြီး ဖြစ်သွားတာ၊ ဘာပစ္စည်းမှ မရလိုက်ဘူး၊ လူတောင် ကံကောင်းတာ” ဟု ကြုံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် ကမ်းပါးထပ်ပြိုကျမည်ကို စိုးရိမ်ရသည့်အတွက်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်လည်း (၃၅) လုံးခန့်ရှိကြောင်း သိရသည်။ လက်ရှိတွင် လူဦးရေ (၁၃၅)ဦးစာအတွက် စောင်ခြင်ထောင် ခေါင်းအုံးနှင့် အရေးပေါ် အကူအညီလိုအပ်လျက်ရှိ ကြော င်းလည်း ကူညီပေးနေသူများထံမှ သိရသည်။

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေ

အိမ်နီးချင်း နိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ မိုးရာသီတွင် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071