Looking for something?

Explore the website

Looking for something?

Sunday, June 15, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများထဲတွင်...

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပြန်လည် လွတ်မြောက်

ဇန်နဝါရီ (၄) ရက်တွင် အကျဉ်းသား (၇၀၁၂) ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် ပုဒ်မ ၅၀၅ အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် အမှုဖွင့် ထောင်ချခံထားရသူအချို့သာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

နစက က (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းသား (၇၀၀၀) ကျော်ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဦးရေမှာ အနည်းငယ်သာ ရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။

” များသော အားဖြင့်က အခြားအမှုတွေနဲ့ ပေါ့နော် ။ နိုင်ငံရေးအမှုတွေက အနည်းငယ်လောက်ပဲ ပြန်ပါလာတာတွေ့ရတယ်။ ၅၀၅ အမှုထဲက တချို့တဝက် ပြန်လွတ်လာတာတော့ တွေ့ရတယ် ” ဟု အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသည့် မိသားစုဝင် တစ်ဦးကို လာရောက်စောင့်‌ဆိုင်းသူ တစ်ဦးက ပြောသည်။

ပြန်လည် လွတ်မြောက်လာသူ အများစုမှာ လွတ်ရက်စေ့ရန် (၁) နှစ်အောက် ကျန်သူအများစုဖြစ်ပြီး အဆိုပါ လွတ်မြောက်လာသူများထဲတွင် ဝါရင့် နိုင်ငံရေး သမား အချို့လည်း ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရသည်။

သာသနာရေးဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ၃ရက် နေ့ ညပိုင်းကပင် ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ များထဲတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၊ NLD ပါ တီမှ ဦးထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ဒေါက်တာအာကာမိုးသူနှင့် ဆန္ဒပြ ကျောင်းသားအချို့ပါဝင်လာပြီး ချုပ်ရက် (၁) နှစ်အထက် ကျန်နေသူ များ အများစု ကျန်ရှိနေသေးကြောင်း သိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှလည်း ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းနှင့် ကိုညီညီကျော်တို့ ပြန် လည် လွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံ ထားရသည့် ကချင်အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ဒေါက် တာ M ကောန်လလည်း မြစ်ကြီးနား အကျဉ်းထောင်မှ ယနေ့ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် ထိန်းသိမ်းခံထားရသည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဧဒင် ဦးချစ်ခိုင် ၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့လည်းလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071