Looking for something?

Explore the website

Looking for something?

Thursday, June 12, 2025

ရင်သွေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါ အမှတ်မမှားစေချင်ပါ

ဝဿန်ကာလ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရင်သွေးငယ်များအတွက် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်တာမို့ အလွန်ဂရုစိုက်ရမယ့် အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဟာ နှာခေါင်းသွေးလျှံတာ၊ ဝမ်းမဲမဲသွားတာ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက်...

ရွေးကောက်ပွဲတွင်အသုံးပြုမည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက် လက်တွေ့စမ်းသပ်မဲမေးခြင်းကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အ စိုးရရုံးတွင် ဇွန်လ (၁၁)...

မြဝတီတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတောင်ကိုးရီးယား နိုင်ငံသားများကို ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား (၃)ဦးကို ထိုင်းနိုင်ငံမှတဆင့် ဇွန် (၁၀)ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ...

မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးပုံဖေါ်ခြင်းကိုတရုတ်ကန့်ကွက်

ကုလသမဂ္ဂ၊ ဇွန် ၁၁ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးအရပုံဖေါ်ခြင်းကိုတရုတ်နိုင်ငံက ကန့်ကွက်‌ကြောင်းတရုတ်သံတမန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်းလီ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင်...
HomeNewsLocal Newsအမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်...

အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးရာရောက်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတုန့်ပြန်

အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အ တွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) (H.R.7900) အား ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့သည်။

ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် “BURMA Act of 2022” အားထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ယင်းအက်ဥပဒေတွင် မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက် ဖက်နှောင့်ယှက်ခြင်း၊အချုပ်အခြာအာဏာကို ထိပါးရာရောက်သည်ဟု တုန့်ပြန်ခဲ့သည်။

ထို့ပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှုများသည် အကြမ်းဖက်မှုကိုအားပေးရာရောက်ပြီး မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက်ရှိသည်ဟု တုန့်ပြန်ပေးပို့ခဲ့သည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar – IIMM)သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်သည့်လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း သံတမန်စာအား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် မြန်မာသံရုံး၊ဝါရှင်တန်မြို့မှတစ်ဆင့် ပေးပို့ခဲ့သည်။

ထို့ပြင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန် ခံမှလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန၊မြန်မာနိုင်ငံတာဝန်ခံညွှန်ကြားရေးမှူးထံ ဒီဇင်ဘာ ၁၆ ရက်ကဆက်သွယ်၍ တရားဝင်ထပ်မံကန့်ကွက်ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်ကလည်း ရန်ကုန်မြို့၊အမေရိကန်သံရုံးမှ သံ ရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn အား ဒီဇင်ဘာ ၁၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန(ရန်ကုန်)သို့ ဆင့်ခေါ်တွေ့ဆုံ၍ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် သံတမန်စာ(မူရင်း)အား လက် ရောက်ပေးအပ်ခြင်းဖြင့်လည်း မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုများဆောင်ရွက်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရင်သွေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါ အမှတ်မမှားစေချင်ပါ

ဝဿန်ကာလ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရင်သွေးငယ်များအတွက် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်တာမို့ အလွန်ဂရုစိုက်ရမယ့် အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဟာ နှာခေါင်းသွေးလျှံတာ၊ ဝမ်းမဲမဲသွားတာ၊ သွေးအန်တာ၊ တကိုယ်လုံးအေးစက်ပြီး သွေးပေါင်ချိန် အလွန်အမင်းကျဆင်းတာမျိုးများဖြစ်တတ်လို့ ပြည်သူ့ကျန်းမာရေးဌာန အသိပေးချက်တွေက ဆိုထားပါတယ်။ မိဘများအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာနဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားတာမတူညီဘူးဆိုတာကို ဒီစာစုကနေအမှတ်မမှားအောင် အသိပေးချင်တာဖြစ်ပါတယ်။ အချို့သော မိဘများဟာကျန်းမာရေးအသိ အားနည်းချက်တွေကြောင့် သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါဖြ စ်ပွားမှုအပေါ် မခွဲခြားတတ်ဘဲ အချိန်လင့်မှ ဆေးရုံဆေးခန်းရောက်လာလို့ ရင်သွေးငယ်အချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေကလည်း ဒုနဲ့ဒေးပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး...

ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက် (MEVM) လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်

ရွေးကောက်ပွဲတွင်အသုံးပြုမည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက် လက်တွေ့စမ်းသပ်မဲမေးခြင်းကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အ စိုးရရုံးတွင် ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ကမြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက...

မြဝတီတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတောင်ကိုးရီးယား နိုင်ငံသားများကို ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား (၃)ဦးကို ထိုင်းနိုင်ငံမှတဆင့် ဇွန် (၁၀)ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုရီးယားနိုင်ငံသား (၃)ဦးကို မြဝတီမြို့- ရွှေကုက္ကို၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများရှိ အွန်လိုင်းလောင်းကစားမှုများနှင့်လိမ်လည်မှုများကို ဖော်ထုတ်မှုအတွင်း ဖမ်းဆီးမိခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့အား ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှ တဆင့် ယမန်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းလည်းဖြစ်သည်။ ဇန်နဝါရီလကုန်မှ ဇွန်လဆန်းပိုင်းအထိ ပြည်ပနိုင်ငံသား အယောက် (၉၀၀၀)ကျော်ကို ထိုင်းနိုင်ငံမှတဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071