Tuesday, June 10, 2025

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ...

ရခိုင်တိုင်းရင်းသားများပါတီ၏ ပါတီတည်ထောင်ခွင့်လျောက်ထားချက်ကို UEC ခွင့်ပြု

ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျောက်ထားလာသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) ကို နိုင်ငံရေးပါတီတည်ခွင့်လျောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်...
HomeInternationalဗိုလ်လုပွဲအပြီး ကွင်းထဲသို့ နာမည်ကြီး...

ဗိုလ်လုပွဲအပြီး ကွင်းထဲသို့ နာမည်ကြီး စာဖိုမှူး ဆော့(တ်)ဘေ့ မည်သို့ဝင်ရောက်လာပုံကို ဖီဖာက စုံစမ်းစစ်ဆေးနေ

ဖီဖာ တာဝန်ရှိသူများသည် ဆော့(တ်)ဘေ့ ဟု လူသိများသော နာမည်ကျော် တုကီယေး စားဖိုမှူး နာစရက် ဂုတ်ချာက ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ကစားသမားများရှိရာ ဘောလုံးကွင်းပြင်ထဲသို့ မည်သို့မည်ပုံ ဝင်ရောက်လာသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုစုံစမ်းစစ်ဆေးမှုမှာ အာဂျင်တီးနား ကစားသမားများ နှင့်အတူတွဲရိုက် အောင်ပွဲခံထားသော ဆော့ဘေ့၏ ဓာတ်ပုံများနှင့် ဗီဒီယိုများ ဆိုရှယ်မီဒီယာပေါ်တွင် ပျံနှံ့လာပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆော့(တ်)ဘေ့သည် အာဂျင်တီးနား ကစားသမားများနှင့် တွဲရိုက်ထားသည့် ပုံများသာမက ကမ္ဘာ့ဖလားဆုကိုပါ ကိုင်မြှောက်ထားသည့် ပုံများကို သူ၏ အင်စတာဂရမ်အကောင့်တွင် တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုဖလားမှာ ယခင်က အနိုင်ရရှိခဲ့သူများနှင့် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ရွေးချယ်ခံထားရသော လူတစ်စုသာ ထိတွေ့ကိုင်မြောက်နိုင်သည်ဟု ဖီဖာ၏ တရားဝင် ၀က်ဘ်ဆိုက်တွင်‌ ဖော်ပြထားသည်။

“ဖြစ်စဉ်ကို ပြန်လည် သုံးသပ်ပြီးနောက် ဖီဖာဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ လုဆေးလ် အားကစားကွင်း ပိတ်ပွဲအခမ်းအနားအပြီး ကွင်းထဲသို့ လူတစ်ယောက်ချင်းစီ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဘယ်လို ဝင်ရောက်ခွင့် ရလာသလဲဆိုတာကို စုံစမ်းဖော်ထုတ်နေပါတယ်” ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆော့ဘေ့သည် အင်စတာဂရမ်ပေါ်တွင် ဖော်လိုဝါ သန်း ၅၀ ရရှိထားသူဖြစ်ပြီး တမူထူးခြားသော အသားလှီးပုံ၊ ဆားဖြူးပြပုံတို့ဖြင့် နာမည်ကြီးလာသူဖြစ်သည်။

Source: CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါင်ရေး ဆွေးနွေး

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇွန် (၉) ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သော ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် (၃)ဦးတို့၏ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြီးနောက် ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ (၁၀)ရက်၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၆) ပေခန့်သာလိုပြီး ယနေ့ မြစ်ရေတက်နှုန်းမှာ ၂၄ နာရီအတွင်း (၅) ပေကျော် ရှိကြောင်းတွေ့ရသည်ဟုဆို သည်။ နောက် (၂၄)နာရီအတွင်း ပဲခူးမြစ်အထက်ပိုင်း(ဇောင်းတူ)နှင့် ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာနိုင်သည့်အတွက် နောက် (၄၈) နာရီအတွင်း ပဲခူးမြစ်၏ စိုးရိမ်ရေမှတ် (၂၈ဒဿမ ၈၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071