Thursday, May 29, 2025

တရုတ်ကျောင်းသားများက်ုဗီဇာ မပေး‌တော့–ကန်နိုင်ငံခြားရေးဝန်ကြီး

တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သူများ သို့မဟုတ် အရေးကြီးသော နယ်ပယ်များတွင် သင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများကို ဗီဇာရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေလ ၂၈...

မော်လိုက်မြို့အနီးတွင် ပြင်းအား (၄.၂) အဆင့်ရှိ...

ယနေ့ မေလ (၂၉) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား (၄.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး...

ထိုင်းစစ်တပ်နှင့်အပြန်အလှန်ပ-စ်ခ-တ်စဥ်ကမ္ဘောဒီးယားစစ်သား ‌ေ-သဆုံး

အငြင်းပွားနယ်စပ်မျဉ်းတလျှောက် ထိုင်းစစ်တပ်နှင့် အပြန်အလှန်ပ-စ်ခ-တ်မှုတွင် ၎င်းတို့စစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ကမ္ဘောဒီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “တို-က်ခို-က်မှုအတွင်းမှာ ကျွန်တော်တို့ စစ်သားတစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့...

မြန်မာနှင့် ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Marcoluigi Corsi တို့...
HomeInternationalဆွေးနွေးရေးအတွက် မြောက်ကိုရီးယားအားကူပြောပေးရန် တရုတ်ကိုအမေရိကတောင်းဆိုမည်

ဆွေးနွေးရေးအတွက် မြောက်ကိုရီးယားအားကူပြောပေးရန် တရုတ်ကိုအမေရိကတောင်းဆိုမည်

ဝါရှင်တန်၊ဒီဇင်ဘာ ၂၃

တင်းမာမှုများမြင့်တက်စေခဲ့သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများအပြီးတွင် မြောက်ကိုရီးယားအား ဆွေးနွေးရေးစကားဝိုင်းသို့ ခေါ်ဆောင်လာပေးရန် တရုတ်ကိုအကူအညီတောင်းမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အစောပိုင်း၌ ပေကျင်းသို့ခရီးထွက်ရန်စီစဉ်ထားသော မစ္စတာဘလင်ကန်သည် အဆိုပါခရီးစဉ်၌ မြောက်ကိုရီးယားအား မည်သို့စည်းရုံးသိမ်းသွင်းနိုင်မည်ကို တရုတ်နှင့်ဆွေးနွေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ သံတမန်အခင်းအကျင်းမှာ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေမရှိပဲ အမြဲတံခါးဖွင့်ထားခဲ့ပါတယ်၊ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ဖို့လည်း ကျွန်တော်တို့ကတိပြုထားဆဲပါပဲ” ဟု ၎င်းကဆိုသည်။

“အခုကိစ္စမှာ တရုတ်ဟာ မြောက်ကိုရီးယားကို စည်းရုံးနိုင်မယ့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခဲ့သော်လည်း မစ္စတာဘလင်ကန်သည် မြောက်ကိုရီးယားအပေါ်  ပိုမိုတင်းကျပ်သော ပိတ်ဆို့ဒဏ်ခတ်မှုများချမှတ်ကာ မဟာမိတ် ဂျပန်၊တောင်ကိုရီးယားတို့နှင့် ပိုမိုနီးကပ်စွာလက်တွဲဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့်လည်း သမ္မတဂျိုးဘိုင်ဒင်အစိုးရက ကမ်းလှမ်းထားသော အောက်ခြေအဆင့် ဆွေးနွေးပွဲများအား စိတ်ဝင်စားမှုမပြဘဲ အမေရိကန်ပြည်မကြီးကို ထိမှန်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကိုပါ မကြာသေးမီက ထပ်မံစမ်းသပ်ခဲ့သေးသည်။

Source :AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်ကျောင်းသားများက်ုဗီဇာ မပေး‌တော့–ကန်နိုင်ငံခြားရေးဝန်ကြီး

တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သူများ သို့မဟုတ် အရေးကြီးသော နယ်ပယ်များတွင် သင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများကို ဗီဇာရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် ၎င်းတို့၏ သဘောထားတင်းမာသော လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ကို ဆောင်ရွက်ရန်အတွက် ပြည်နှင်ဒဏ်ပေးခြင်းနှင့် ကျောင်းသားဗီဇာရုပ်သိမ်းခြင်းများကို အရှိန်မြှင့်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။ နောင်အခါတွင် တရုတ်နှင့် ဟောင်ကောင်တို့၏ ဗီဇာလျှောက်ထားမှုအားလုံးကို ပိုမိုစိစစ်ရန်အတွက် ဝန်ကြီးဌာနသည် ဗီဇာစံနှုန်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ရူဘီယိုက ပြောကြားသည်။         “တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ထိထိရောက်ရောက် ရုပ်သိမ်းဖို့...

မော်လိုက်မြို့အနီးတွင် ပြင်းအား (၄.၂) အဆင့်ရှိ ငလျင်လှုပ်ခတ်

ယနေ့ မေလ (၂၉) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား (၄.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ကန့်ဘလူ မြေငလျင်စခန်းမှ အနောက် - အနောက်မြောက်ဘက်(၄၇)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့၏ အရှေ့တောင်ဘက်မိုင်(၃၀) ခန့်အကွာ၌ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားကြောင်း ဆိုထားသည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုအနေဖြင့် မေလ(၂၅)ရက်အထိ အကြိမ် (၁၈၀ ) ရှိပြီ ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦး...

ထိုင်းစစ်တပ်နှင့်အပြန်အလှန်ပ-စ်ခ-တ်စဥ်ကမ္ဘောဒီးယားစစ်သား ‌ေ-သဆုံး

အငြင်းပွားနယ်စပ်မျဉ်းတလျှောက် ထိုင်းစစ်တပ်နှင့် အပြန်အလှန်ပ-စ်ခ-တ်မှုတွင် ၎င်းတို့စစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ကမ္ဘောဒီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “တို-က်ခို-က်မှုအတွင်းမှာ ကျွန်တော်တို့ စစ်သားတစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မရသေးပါဘူး” ဟု ကမ္ဘောဒီးယားဘုရင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မော်ဖလာက ပြောကြားခဲ့သည်။ ထိတွေ့ပ-စ်ခ-တ်မှုဖြစ်ခဲ့ကြောင်းကို မော်ဖလာက အတည်ပြုခဲ့သော်လည်း ထိုင်းဘက်ခြမ်း ဥဘုံရတ်ချာဌာနီပြည်နယ်နှင့် ထိပ်စပ်နေသည့် နိုင်ငံမြောက်ပိုင်း Preah Vihear ပြည်နယ်တွင် ပုံမှန်နယ်ခြားကင်းလှည့်နေသော ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များကို ထိုင်းစစ်သားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူကပြောကြားခဲ့သည်။ “ကျွန်တော်တို့စစ်သားက ကတုတ်ကျင်းထဲမှာ ‌ေ-သဆုံးပါတယ်။ ထိုင်းတွေက ကျွန်တော်တို့ကို လာတိုက်တာပါ” တစ်ချိန်တည်းမှာပင် ထိုင်းဘုရင့်တပ်မတော်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071