Sunday, May 25, 2025

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်

မိုးရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသည့် အစားအစာများကို စားသောက်မိရာမှ ကူးစက်နိုင်သည်ဟုလည်း...

ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသား ၃၉၀ စီ...

မော်စကို၊မေ ၂၄ ရုရှားနှင့်ယူကရိန်းတို့သည် အစ္စတန်ဘူလ်၌ မကြာသေးမီကပြုလုပ်ခဲ့သည့်သဘောတူညီချက်အရ အကျဉ်းသား ၃၉၀ ဦးစီကို လဲလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ရုရှားစစ်တပ်မှ စစ်မှုထမ်း ၂၇၀ နှင့် အရပ်သား...

စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် မသန်စွမ်းသူများကို ရွှေမင်းသား...

စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် မသန်စွမ်းသူများကို ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)က လူသုံးကုန်နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ(၂၃)ရက်က စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ခြင်း...

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့်...

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ေ-သဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ ၎င်းမှ မေ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မိုးရာသီတွင်ဖြစ်ပွားတတ်သော...
HomeInternationalတရုတ်ကို ကိုဗစ်ကာကွယ်ဆေးလှူရန် အမေရိကကမ်းလှမ်း၊...

တရုတ်ကို ကိုဗစ်ကာကွယ်ဆေးလှူရန် အမေရိကကမ်းလှမ်း၊ လက်ခံမည့်ပုံမပေါ်

ဝါရှင်တန်၊ဒီဇင်ဘာ ၂၁

တစ်ကမ္ဘာ လုံး၏အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ၌ဖြစ်ပွားနေသော ကိုဗစ်ရောဂါမြင့်တက်နေမှုအား တားဆီးနိုင်ရန် အမေရိကအနေဖြင့် ကာကွယ်ဆေးကူညီပေးနိုင်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့ကပြောကြားခဲ့သည်ဟုသိရှိရသည်။

သို့သော်ပေကျင်းအနေဖြင့် ၎င်း၏ပြည်တွင်းထုတ် ကာကွယ်ဆေးအား တစ်ကမ္ဘာလုံးသို့တင်ပို့ရောင်းချနေသည့်အပြင် ၎င်း၏မကြာခဏဆိုသလိုရန်ဘက်ဖြစ်သော အမေရိကထံမှအဆိုပါအကူအညီအား လက်ခံနိုင်ဖွယ်မရှိကြောင်းလည်းဖော်ပြထားသည်။

တစ်ကမ္ဘာလုံးရှိလူများသည် ကာကွယ်ဆေး ကို အကြိမ်ပြည့်ထိုးနှံပြီး ကာကွယ်စောင့်ရှောက်မှုအပြည့်အဝရရှိနိုင်ရေးအတွက်ကြောင့် ယခုကဲ့သို့ကမ်းလှမ်းရခြင်းဖြစ်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး နက်ထ်ပရိုက်စ်ကပြောကြားခဲ့သည်။

၄င်းအပြင် အမေရိကသည်တစ်ကမ္ဘာလုံး၌ ကာကွယ်ဆေးလှူဒါန်းမှုအများဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး တရုတ်အပါအဝင် ကမ္ဘာတစ်ဝန်းရှိလူများကို ကိုဗစ်ကာကွယ်ဆေးအပါအဝင် အခြားဆက်စပ် ကျန်းမာရေးဆိုင်ရာပံ့ပိုးကူညီမှုများအား ဆက်လက်လုပ်ဆောင်ပေးရန်အဆင်သင့်ရှိသည်ဟုလည်း ၎င်းကပြောကြားခဲ့သေးသည်။

ယခုအစီအစဉ်သည် ကမ္ဘာ့ကောင်းကျိုးအတွက်သာရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံရေးအငြင်းပွားမှုများနှင့်မသက်ဆိုင်ဘဲပေးအပ်သည့်အကူအညီဖြစ်သည်ဟုလည်း၎င်းကဆိုသည်။ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်‌ သောတရုတ်အတွက်သာမက နိုင်ငံတကာအသိုက်အဝန်း၏ ကောင်းကျိုးအတွက် ကိုပါရည်ရွယ်ခြင်းဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။

တရုတ်ပြည်တွင်းထုတ် ဆိုင်နိုဖန်းကာကွယ်ဆေးသည် နှစ်ကြိမ်မြောက်ထိုးပြီးချိန်တွင် ရောဂါလက္ခဏာနှင့်ဆေးရုံတက်ရနိုင်ခြေ ၇၉ ရာခိုင်နှုန်းအထိကာကွယ်ပေးသော်လည်း အမေရိကထုတ် မိုဒန်နာနှင့်ဖိုက်ဇာကာကွယ်ဆေးများကမူ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည့်အာနိသင်ရှိသည်ဟုလည်းဖော်ပြထားသည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်

မိုးရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသည့် အစားအစာများကို စားသောက်မိရာမှ ကူးစက်နိုင်သည်ဟုလည်း သတိပေးထားသည်။ ထို့ပြင် ရောဂါသည် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးကာလများ၌ အဖြစ်များကာ အချိန်မီကုသမှု မခံယူပါက အသက်‌ေ-သဆုံးနိုင်သည့်အတွက် ရောဂါဖြစ်ပွားကြောင်းသံ သယရှိပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများကို သတင်းပေးပို့ပြီး ထိရောက်သည့် ကုသမှုခံယူရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။

ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသား ၃၉၀ စီ လဲလှယ်

မော်စကို၊မေ ၂၄ ရုရှားနှင့်ယူကရိန်းတို့သည် အစ္စတန်ဘူလ်၌ မကြာသေးမီကပြုလုပ်ခဲ့သည့်သဘောတူညီချက်အရ အကျဉ်းသား ၃၉၀ ဦးစီကို လဲလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ရုရှားစစ်တပ်မှ စစ်မှုထမ်း ၂၇၀ နှင့် အရပ်သား ၁၂၀ တို့သည် ကိဗ်ထိန်းချုပ်နယ်မြေမှ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီးအပြန်အလှန်အားဖြင့် ယူကရိန်းအကျဉ်းသား ၂၇၀ နှင့် အရပ်သား ၁၂၀ ကိုလည်း လွှတ်ပေးခဲ့ကြောင်း ၎င်းကထပ်လေ-ာင်းပြောကြားခဲ့သည်။ လွတ်မြောက်လာသည့်ရုရှားအကျဉ်းသားများသည်ဘီလာရုစ်သမ္မတနိုင်ငံ၏ ပိုင်နက်တွင်ရှိနေပြီး လိုအပ်သလို စိတ်ပိုင်းဆိုင်ရာနှင့်ဆေးဝါးအကူအညီများလုပ်ပေးလျက်ရှိသည်ဟုလည်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။ "ရုရှားဖက်က စတင်လိုက်တဲ့ အကြီးစားအကျဥ်းသားလဲလှယ်မှုကို လာမယ့်ရက်တွေမှာ ဆက်လက်လုပ်ဆောင်ဖို့စီစဉ်ထားပါတယ်” ဟုလည်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်က အစ္စတန်ဘူလ်၌နှစ်ဘက်တို-က်ရို-က်ညှိနှိုင်းမှုအပြီးတွင် ရုရှားနှင့်ယူကရိန်းတို့သည် အကျဉ်းသား...

စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် မသန်စွမ်းသူများကို ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)က လူသုံးကုန်နှင့် ရိက္ခာပစ္စည်းများထောက်ပံ့

စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် မသန်စွမ်းသူများကို ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)က လူသုံးကုန်နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ(၂၃)ရက်က စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) က စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့် မသန်စွမ်းသူ (၁၁၁)ဦးကို တစ်ဦးလျှင် ဆန် (၂၄)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ စားသုံးဆီ၊ ဆားစသည့် စားသောက်ကုန်ပစ္စည်းများနှင့် စတီးလ်ဇလုံ၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆေးဝါးစသည့် လူသုံးကုန်ပစ္စည်းများကို တစ်ဦးချင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ပေးအပ်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071