Saturday, May 24, 2025

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...
HomeNewsLocal Newsဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉...

ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကိုရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကိုခံယူခဲ့ပြီးသူသည် လူသားတို့၏အသက်ကို ကယ်တင်ရန်ပျက်ကွက်ပါက သစ္စာမဲ့သူ၊လူနာများအပေါ် ထိခိုက်ကျူးလွန်သူများသာဖြစ်ဟု နစက ဥက္ကဋ္ဌပြော

တပ်မတော်ဆေးတက္ကသိုလ်၊ဗိုလ်လောင်းသင် တန်းအမှတ်စဥ်(၂၃)သင်တန်းဆင်းဂုဏ်ပြုစစ် ဆေးပြအခမ်းအနား၌ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

၄င်းအခမ်းအနားအား ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္က သိုလ်စစ်ရေးပြကွင်း၌ကျင်းပခဲ့ခြင်းဖြစ်သည်။

လွဲမှားသည့် စိတ်ခံစားချက်နှင့်လှုံ့ဆော်ချက်များကြောင့် ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်အားချိုးဖောက်ပြီး အချို့ကျန်းမာရေးဝန် ထမ်းများသည် နိုင်ငံအတွက် အရေးကြီးသည့် ကိုဗစ်(၁၉)ရောဂါ တတိယလှိုင်းကိုရင်ဆိုင်နေရချိန် ၌ ဆရာဝန်ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သစ္စာမဲ့စွာမျက်ကွယ်ပြုကျောခိုင်းခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

“အဲဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူတချို့ အသက်ဆုံးပါးခဲ့ရတာတွေကို စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်၊

“သစ္စာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်က ကိုယ်နှုတ်နှလုံး သုံးပါးလုံးနဲ့ မှန်ကန်စွာစောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ သစ္စာတရားတည်ကြည်ခြင်းရဲ့ အကျိုးရလာဒ်နဲ့ ပြည့်ဝနေမှာဖြစ်သလို သစ္စာတရားပျက်ယွင်းခြင်းဟာ ဆုတ်ယုတ်ပျက်စီးခြင်းတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

မိမိတို့နိုင်ငံအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ပြည်တွင်းပြည်ပဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများက နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ရန် ဆူပူဆန္ဒပြခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊အကြမ်းဖက်ဖျက် ဆီးခြင်း၊လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

“အဲဒီအထဲမှာ ကိုဗစ်(၁၉)ရောဂါကြောင့် ကျန်းမာ ရေးဝန်ထမ်းလိုအပ်ချက်မြင့်မားနေချိန်မှာ ကျန်း မာရေးဝန်ထမ်းတချို့က အများပြည်သူရဲ့ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လျစ်လျူ ရှုတဲ့အပြင် ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ခြင်းက သမိုင်းမှာဘယ်လိုမှဖျောက်ဖျက်မရတဲ့ အမည်းစက်တွေဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ယင်းအချက်များအား သင်ခန်းစာယူ၍ မိမိအဖွဲ့အစည်းနှင့်မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြရန်၊ မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ်မြဲကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားခဲ့သည်။

“သမားဇာနည် အောင်စစ်သည်”ဟူသည့် တပ်မ တော်ဆေးတက္ကသိုလ်၏ဆောင်ပုဒ်အတိုင်း နိုင်ငံ တော်နှင့်တပ်မတော်ကအားထားရမည့် ဆေးမှူးအရာရှိကောင်းများဖြစ်လာရန် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံ ပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်း ပူးသုတေသနပြု၍ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ဆေးဘက်ပညာရှင်များဖြစ်လာရန် သန္နိဋ္ဌာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“တာဝန်ကျရာတပ်အသီးသီးက တပ်မတော်သားတွေ မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင် သံတမန်ရေးရာအရပိုမို အားထုတ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်မည်ဟု သူကဆိုသည်။ အာဆီယံက ချမှတ်ထားသော ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအမံသည် မကြာသေးခင်ကအထိ တိုးတက်မှု တစ်စုံတရာမရှိခဲ့သော်လည်း အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်းကောင်း၊ NUG နှင့် လည်းကောင်း သီးခြားဆွေးနွေးခဲ့သည့်အပြင်တွေ့ဆုံဆွေးနွေးရန် အသစ်တဖန်တွန်းအားပေးခဲ့သည်။ လူပေါင်း...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း ဟမ်ဘတ်ရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။ သောကြာနေ့ ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။ သံသယရှိသူတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုရှိကြောင်း "အလွန်ခိုင်မာသော အထောက်အထား" ရှိပြီး တိုက်ခိုက်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုကြောင့်ဟူသည့် အထောက်အထားမတွေ့ရဟု...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင် မွန်းလွဲ ၁ နာရီခန့်က ရဟတ်ယာဉ်ပျ-က်ကျကာ မီးတောက်လေ-ာင်ခဲ့ခြင်းဖြစ်ပြီး မီးသ-တ်သမားများနှင့် ကယ်ဆယ်ရေးသမားများက မီးငြှိမ်းသတ်ပေးခဲ့သည်။ ဖြစ်စဉ်တွင် ပိုင်းလော့နှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ ‌ေ-သဆုံးခဲ့သည်ဟု ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြခဲ့ပြီး လေထီးခုန်ထွက်ခဲ့သူ၏ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါရဟတ်ယာဉ်သည် ကန်ချနာဘူရီရဲတပ်ဖွဲ့ လေကြောင်းရဲဌာနမှ ဘဲလ် ၂၁၂ အမျိုးအစားရဟတ်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ရဟတ်ယာဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071