Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsယခုရက်ပိုင်းအတွင်း မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်း၌...

ယခုရက်ပိုင်းအတွင်း မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်း၌ ကလေးသူငယ် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ယခုရက်ပိုင်းအတွင်း မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်း၌ ကလေးသူငယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မိဘများနှင့် မိသားစုဝင်များ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေရသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ကလေးငယ်များမှာ အသ က် (၅) နှစ်မှ (၁၂) ဝန်းကျင်အရွယ်များဖြစ်ပြီး ကလေးမိခင်တစ်ဦးပါ ပါဝင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ် ကွက်မှ အသက် (၅) အရွယ် ကလေးငယ်တစ်ဦး ‌နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးသွားကြောင်း မိဘများက လူမှုကွန်ရက်မှတဆင့် အကူညီတောင်းခံလာရာမှ အလားတူဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း ကလေးပျောက်ဆုံးသူ အခြားမိဘများကပါ အသိပေး အကူညီတောင်းခံနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်း (၂) နာရီကျော်တွင် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံမြို့ရပ် ကွက် ၊ (၇၁) လမ်းနှင့် လမ်း(၃၀) ၊ (၃၁) လမ်းကြားရှိ မန္တလေးခရောစ့်ဆင့်မုန့်ဆိုင်မှ အသက် (၅) နှစ်နှင့် (၄) လအ ရွယ် မောင်ဇွဲဝေယံထွန်းသည် အဘိုး ၊ အဘွား ဖြစ်သူတို့နှင့် အတူရှိနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးသည့်အပြင် သတင်းအစအနပင် မရရှိသေးကြောင်း အဘွားဖြစ်သူထံမှ သိရသည်။

မောင်ဇွဲဝေယံထွန်းသည် အခင်းဖြစ်ပွားသည့်နေ့က နေအိမ်အရှေ့တွင် ခုံဖြင့် ထိုင်ကာ ဆော့ကစားနေရာမှ ရုတ် တရက် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ CCTVများမှတဆင့် ရှာဖွေခဲ့ကြသော်လည်းပြန်လည်တွေ့ ရှိခြင်း မရှိသေးကြောင်း အဘွားဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” ဘိုးအေဖြစ်သူက ကလေးကို ရေချိုးပေးမယ်ဆိုပြီး ကလေးကို အောက်ကိုခေါ်လိုက်တယ်။ ခေါ်ပြီးတော့မှ ဘိုး ဘိုး ဂျုံဇကာစစ်လိုက်ဦးမယ် ငါ့သားခဏထိုင်ဦးဆိုပြီး ပြောတော့ ကလေးက ထိုင်ခုံပေါ်မှာ ထိုင်ပြီး သေနတ်လေးနဲ့ ဆော့နေတယ်။ အဲလို ဆော့နေတဲ့ အချိန်မှာလည်း ဘွားအေဖြစ်တဲ့ ကိုယ်က “သားရေ ဇွဲရေ”ဆိုတော့ “ဗျာ”ဆိုပြီး ထူးတယ်။ သားအောက်မဆင်းနဲ့ဆိုတော့ “ဟုတ်” ဆိုပြီး ပြောတယ်။ ဆော့နေတဲ့ နေရာကလည်း အိမ်ပေါ်နဲ့ (၅) ပေတောင်မရှိဘူး။ ကပ်နေတာ ။ အဲဒီကနေ ​ဆော့​နေတဲ့သေနတ်သံပျောက်သွားလို့ ခေါ်တော့ မထူးတော့ဘူး။ အဲဒါနဲ့ အိမ်က သားငယ် မင်းတူလေး ထွက်ကြည့်ဦးဆိုပြီး ထွက်ကြည့်တော့ မရှိတော့ဘူး” ဟု မောင်ဇွဲဝေယံထွန်း၏ အဘွားဖြစ်သူက ကလေးစတင်ပျောက်ဆုံးပုံကို ရှင်းပြသည်။

ယင်းကဲ့သို့ ပျောက်ဆုံးသွားသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ CCTV များအား အကူအညီတောင်းကာ ပြန်လည်ကြည့်ရှုရာ ကလေးငယ်သည် တောင်ဘက်သို့ ပြေးထွက်သွားသည်ကို တွေ့ရှိရသည့်အတွက် ကလေးပြေးထွက်သွားသည့် လမ်းထောင့်ရှိ CCTV ကို စစ်ဆေးကြည့်ရာ ကလေးငယ်ထွက်လာသည်ကို မတွေ့ရှိရတော့ပဲ CCTV နှစ်ခုရှိသည့်ကြားတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး လက်ရှိအချိန်ထိ ထူးခြားသ ည့် သတင်းအစအနပင် မရရှိသေးကြောင်း သိရသည်။

လက်ရှိတွင် မိသားစုဝင်များနှင့် မိဘများက လက်လှမ်းရာနီးစပ်သူများအား အကူအညီတောင်းခံ ရှာဖွေမှုများ လုပ်ဆောင်နေပြီး မန္တလေးနှင့် ရန်ကုန်ရှိ ငွေကြေးတတ်နိုင်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ကလေးငယ်ပြန်လည်တွေ့ရှိအောင် ရှာဖွေပေးနိုင်သူကို ဆုငွေချီး မြှင့်ပေးမည်ဟု ပြောဆိုကာ အကူညီတောင်းခံမှု လုပ် ဆောင်လျက်ရှိသည်။

ပျောက်ဆုံးနေသည့် မောင်ဇွဲဝေယံထွန်း၏ ဖခင် ဖြစ်သူမှလည်း “ကျွန်တော့်သား ဇွဲဝေယံထွန်း အသက် ၅ နှစ် ၄ လသည် ဒီဇင်ဘာ ၁၁ ရက်တွင် ၇၁ လမ်း ၃၀၃၁ လမ်းရှိ အ ဘွားအိမ်တွင်ဆော့နေစဉ် နေ့လည်၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျောက်သွားပါသဖြင့် တွေ့ရှိကအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ကျေးဇူးဆပ်ပါမည်။ အဖ ဦးဟန်မျိုးဝင်း၊ အမိ ဒေါ်ဝါဝါမြင့်သိန်း၊ ထင်ရှားသောအမှတ်အသား ဗွေနှစ်လုံးပါ” ဟု လူမှုကွန်ရက်မှတဆင့် ကြေညာထားသည်။

မောင်ဇွဲဝေယံထွန်းအား တွေ့ရှိခဲ့ပါက မန္တလေးခရောစ့်ဆ င့်မုန့်ဆိုင်၊ (၇၁) လမ်း ၊ လမ်း (၃၀) (၃၁)လမ်းကြား၊ ရန်မျိုးလုံရပ်ကွက်၊ ချမ်းအေးသာစံ၊ မန္တလေးမြို့၊ ၀၉၇၈၅ ၅၁၉၇၈၉၊ ၀၉၇၈၀၇၆၀၀၇၈၊ ၀၉၄၀၂၅၃၂၄၃၀ သို့ ဆ က်သွယ် အကြောင်းကြားနိုင်ကြောင်းလည်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို (၁) လမ်းတွင် နေထိုင်သည့် အသက် (၁၂) နှစ်အရွယ် မနှင်းစန္ဒီအောင်သည်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်အတွင်းက ပျောက်ဆုံးသွားသဖြင့် တွေ့ရှိပါက မိဘများထံ ဆက်သွယ်အကြောင်းကြားပေးရန် လူမှုကွန်ရက်မှတဆင့် အကူညီတောင်းခံထားကြောင်း သိရသည်။

အဆိုပါ မနှင်းစန္ဒီအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) အနေဖြင့် မိဘများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရရှိခဲ့သည့်အတွက် ကလေးပျောက်ဆုံးမှု၏ အသေးစိတ်ကို သိရှိရခြင်း မရှိ​သေးပေ။

ရန်ကုန်တိုင်းဒေသကြီး ၊ ခရမ်းမြို့နယ်အတွင်း၌လည်း အသက် (၄) နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ယခုလ ဒီဇင်ဘာ (၅) ရက်တွင် နေအိမ်မှ မုန့်ထွက်စားစဉ် ပျောက်ဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ခရမ်းမြို့နယ် ၊ (၇) ရပ်ကွက် ၊ ကံသာယာလမ်းမ ၊ အိမ်အ မှတ် ၇/၂၄၃ တွင် နေထိုင်သည့် အသက်(၄)နှစ်ရွယ် မဆုရတီပိုင်သည် ဒီဇင်ဘာလ (၅) ရက် နေ့လယ် (၁) နာရီဝန်းကျင်က မိခင်ဖြစ်သူနှင့်အတူ နေအိမ်မှ မုန့်ထွက်စားစဉ် နှစ်ဦးစလုံးနေအိမ်သို့ ‌ပြန်လည်ရောက်ရှိမလာဘဲ ပျောက် ဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပေါ်ပြူ လာနယူး(စ်) သို့ ပြောသည်။

” ဘယ်လိုကြောင့် အခုလို ပျောက်သွားလဲဆိုတာကို ကျွန် တော်တို့လည်း အခုထိ စုံစမ်းလို့ မရသေးဘူးခင်ဗျာ။ သ က်ဆိုင်ရာကိုတော့ ကျွန်တော်တို့လည်း အကြောင်းကြားထားတယ်။ ဒါပေမဲ့ ဘာမှတော့ အကြောင်းမထူးသေးဘူး ။ အိမ်မှာလည်း ဘာပြဿနာမှမရှိဘူး။ ကလေးကို ကိုရီးယားကင် ကျွေးမယ်ဆိုပြီး ထွက်သွားရင်းက ပျောက်သွားတာ။ တစ်နာရီနှစ်နာရီကြာလို့ ပြန်မလာမှ စုံစမ်းတော့မှ မတွေ့တော့တာပါ။ ဆရာတို့လည်း စုံစမ်းလို့ရရင်ကျွန်တော် တို့ဆီ သတင်းပို့ပါဗျာ ။ ကျွန်တော်တို့လည်း သောကတွေ ရောက်နေကြရပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြော သည်။

ပြီးခဲ့သည့် လများအတွင်းကလည်း အလားတူ လူပျောက်ကြော်ငြာနှင့် အကူညီတောင်းခံမှုများရှိခဲ့ပြီး ပျောက်ဆုံးသူများထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးငယ်များနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသားငယ်များလည်း ပါဝင်နေပြီး ယခုရက်ပိုင်းအတွင်း ပျောက်ဆုံးမှုများတွင် ကလေးသူငယ်ပျောက်ဆုံးမှုအများဆုံးဖြစ်ပေါ်နေကြောင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071