Thursday, August 14, 2025

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...
HomeNewsLocal Newsမြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ကာ...

မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ကာ ကွယ်ရေးဆိုင်ရာအပါအဝင် ပညာရေး၊ကျန်းမာ ရေးနှင့်နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ရုရှားတပ်မတော်၊စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့်ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား ရုရှားတပ်မတော်၊စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့်ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich က နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊ကျန်းမာရေးနှင့်နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည့်အခြေအ နေ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူး ပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော်သား ပ ညာတော်သင်များ စေလွှတ်လျက်ရှိသည့်အခြေ အနေ၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုများတိုးမြှင့်ဆောင်ရွက်မည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ရုရှားနိုင်ငံတွင်ကျင်းပသည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့်တပ်မတော်အားကစားပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့်အပြန် အလှန်ဖလှယ်ရေးဆိုင်ရာများ၊နှစ်နိုင်ငံကြား စီး ပွားရေးဆိုင်ရာနှင့်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းမှ အလေးထားဆောင်ရွက်လျက်ရှိမှုနှင့်မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်သည့်အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။

ရုရှားတပ်မတော်၊စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူး Colonel Sergey Kurchenko နှင့်ရုရှားတပ်မတော်အရာရှိကြီးများ လည်းတက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့သည်။ မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၁ ရက်အထိ အမျိုးသားသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအ တွက် ငွေကျပ်(၄ ဒသမ ၇၃၃)ဘီလီယံကျော်၊ ဒဏ် ရာရသူများအတွက် ငွေကျပ်(၀ ဒသမ...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071