ယနေ့နိုဝင်ဘာလ ၂၉ရက်နေ့မှာ မွန်လေးက ပဲခူးမြို့မှာရှိတဲ့ ရဟန်းသံဃာတွေရဲ့ဆွမ်းစားဆောင် ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် အုတ်ချပ်ရေ ၁၈၀၀နဲ့ ဘိလပ်မြေ ၉အိတ်တို့ကို လှူဒါန်းခဲ့ပါတယ်။
ယနေ့လှူဒါန်းမှုနဲ့ပတ်သက်လို့ မွန်လေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ အခုလိုရေးသားမျှဝေထားပါတယ်။
“ရဟန်းသံဃာများ၏ ဆွမ်းစားဆောင်လေးပြုပြင်မွမ်းမံမှူအတွက် မွန်လေး၏ ချွေးနည်းစာဖြင့် အုတ်၁၈၀၀ နှင့် ဘိလပ်မြေ၉အိတ် လှူဒါန်းမှု ကုသိုလ်ပြု🙏🙏🙏
မွန်လေးပြုသမျှကုသိုလ်အစုစုကို မွန်လေးကိုအားပေးနေတဲ့ ၇ရက်သားသမီးပရိတ်သတ်များနှင့် မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်အပေါင်းနှင့် လူနတ်ဗြမ္ဗာအပ္ပါယ်ဘုံသားများ နှင့် များသတ္တဝါတို့ ထပ်တူထပ်မျှကုသိုလ်ရ၍ နတ်လူသာဓုခေါ်စေသော် ကုသိုလ်အမျှအမျှအမျှယူတော်မူကြပါကုန်တော်🙏🙏🙏
( မွန်လေး )”
credit – မွန်လေး







