ကမ္ဘာ့ဖလားအုပ်စု ပွဲစဉ်တွေဖြစ်တဲ့ ကင်မရွန်းနဲ့ ဆားဘီးယားပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျခဲ့ပြီး တောင်ကိုရီးယားအသင်းကတော့ ဂါနာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
အုပ်စု (G) ပွဲစဉ်ဖြစ်တဲ့ ကင်မရွန်းနဲ့ ဆားဘီးယားပွဲစဉ်မှာ တစ်ဖက် ၃ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် နှစ်သင်းလုံးဟာ (၂) ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်စီသာ ရရှိထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားပါတယ်။
အုပ်စု (H) ပွဲစဉ်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂါနာအသင်း ယှဉ်ပြိုင်ကစားရာမှာ တောင်ကိုရီးယားအသင်းက ၂ ဂိုး ၃ ဂိုးနဲ့ ဂါနာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ဂါနာပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားတို့ ပထမပိုင်းမှာ ၂ ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ ဒုတိယပိုင်းမှာ ချေပဂိုး ၂ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ဂါနာတိုက်စစ်မှာခြေစွမ်းပြနေတဲ့ ကူဒက်စ်က အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။
တောင်ကိုရီးယားဟာ ချေပဂိုးတွေပြန်ရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အဆုံးသတ်မသေချာမှုကြောင့် ရှုံးနိမ့်သွားခဲ့ပြီး ၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်သာရရှိသေးတာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် မှေးမှိန်သွားပြီဖြစ်ပါတယ်။








