Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeInternationalချန်ပီယံဖြစ်နိုင်ချေအများအဆုံးအသင်း‌တွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးနဲ့...

ချန်ပီယံဖြစ်နိုင်ချေအများအဆုံးအသင်း‌တွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးနဲ့ ပေါ်တူဂီတို့ အုပ်စုအဆင့်အောင်မြင်

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ဘရာဇီးနဲ့ ဆွစ်ဇာလန်၊ ပေါ်တူဂီနဲ့ ဥရုဂွေး တို့ ယှဉ်ပြိုင်ကစားရာမှာ ချန်ပီယံဖြစ်နိုင်ချေအများအဆုံးအသင်း‌တွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးနဲ့ ပေါ်တူဂီတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စု (G) ပွဲစဉ်အဖြစ် ဘရာဇီးနဲ့ ဆွစ်ဇာလန်တို့ယှဉ်ပြိုင်ကစားရာမှာ နေမာမပါတဲ့ ဘရာဇီးအသင်းဟာ တိုက်စစ်ပိုင်းရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းပြီးခါနီးအချိန်မှာ ကွင်းလယ်လူ ကပ်စ်မဲရိုးရဲ့ 

သွင်းဂိုးကြောင့် ဘရာဇီး အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အုပ်စု (H) ပွဲစဉ်အဖြစ် ပေါ််တူဂီနဲ့ ဥရုဂွေး တို့ ယှဉ်ပြိုင်ကစားရာမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပေါ်တူဂီ က ၂ ဂိုး ဂိုးမရှိနဲ့ ဥရုဂွေးကို အနိုင်ရရှိခဲ့ပါတယ်။

ပေါ်တူဂီအတွက်ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဦးဆောင်ဂိုးရပြီးနောက်ပိုင်း ပေါ်တူဂီအသင်းက ပွဲကို ထိန်းကစားလာခဲ့ကာ ဥရုဂွေးအသင်း လိုအပ်နေတဲ့ချေပဂိုးရရန် ကစားအားမြှင့်ခဲ့ပေမယ့် အပိုင်အခွင့်အရေးအသုံးမချနိုင်မှုကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်၊ ဘရာဇီးနဲ့ ပေါ်တူဂီတို့ဟာ (၂) ပွဲကစားပြီးချိန်မှာ ရလဒ် (၆) မှတ် ရရှိထားတာကြောင့်အုပ်စုအဆင့် အောင်မြင်သွားပြီး အိမ်ရှင်ကာတာနဲ့ ကနေဒါအသင်းတို့ကတော့ အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071