ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ဘရာဇီးနဲ့ ဆွစ်ဇာလန်၊ ပေါ်တူဂီနဲ့ ဥရုဂွေး တို့ ယှဉ်ပြိုင်ကစားရာမှာ ချန်ပီယံဖြစ်နိုင်ချေအများအဆုံးအသင်းတွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးနဲ့ ပေါ်တူဂီတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
အုပ်စု (G) ပွဲစဉ်အဖြစ် ဘရာဇီးနဲ့ ဆွစ်ဇာလန်တို့ယှဉ်ပြိုင်ကစားရာမှာ နေမာမပါတဲ့ ဘရာဇီးအသင်းဟာ တိုက်စစ်ပိုင်းရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းပြီးခါနီးအချိန်မှာ ကွင်းလယ်လူ ကပ်စ်မဲရိုးရဲ့
သွင်းဂိုးကြောင့် ဘရာဇီး အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အုပ်စု (H) ပွဲစဉ်အဖြစ် ပေါ််တူဂီနဲ့ ဥရုဂွေး တို့ ယှဉ်ပြိုင်ကစားရာမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပေါ်တူဂီ က ၂ ဂိုး ဂိုးမရှိနဲ့ ဥရုဂွေးကို အနိုင်ရရှိခဲ့ပါတယ်။
ပေါ်တူဂီအတွက်ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဦးဆောင်ဂိုးရပြီးနောက်ပိုင်း ပေါ်တူဂီအသင်းက ပွဲကို ထိန်းကစားလာခဲ့ကာ ဥရုဂွေးအသင်း လိုအပ်နေတဲ့ချေပဂိုးရရန် ကစားအားမြှင့်ခဲ့ပေမယ့် အပိုင်အခွင့်အရေးအသုံးမချနိုင်မှုကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်၊ ဘရာဇီးနဲ့ ပေါ်တူဂီတို့ဟာ (၂) ပွဲကစားပြီးချိန်မှာ ရလဒ် (၆) မှတ် ရရှိထားတာကြောင့်အုပ်စုအဆင့် အောင်မြင်သွားပြီး အိမ်ရှင်ကာတာနဲ့ ကနေဒါအသင်းတို့ကတော့ အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။








