တရုတ်နိုင်ငံအနှံ့တွင် ရှီ၏ ကိုဗစ် လုံးဝပပျောက်ရေး မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့

0
155

ပေကျင်း၊ နိုဝင်ဘာ ၂၈

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ နားရက်များအတွင်း ထောင်နှင့်ချီသော ပြည်သူများက တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ၎င်း၏ ကိုဗစ်လုံးဝပပျောက်ရေး မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့ပြီးနောက် တရုတ်သမ္မတ ရှီသည် တနင်္လာနေ့တွင် တစ်ခါမှ မကြုံဖူးသော သဘောထားကွဲလွဲမှုနှင့် ရင်ဆိုင်နေရသည်။ အချို့မှာမူ ဆန္ဒပြရင်း ရှီအား ရာထူးမှ ဆင်းပေးရန်ပင် တောင်းဆိုခဲ့ကြသည်။

“ရှီကျင့်ဖျင် ရာထူးမှ ဆင်းပေး။ ကွန်မြူနစ်ပါတီလည်း အာဏာပြန်လည် အပ်နှင်းပေး။” ဟူ၍ ရှန်ဟိုင်းတွင် စုဝေးခဲ့သော ဆန္ဒပြသူအချို့က အော်ဟစ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုများသည် ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော အသေအပျောက်များခဲ့သည့် ရှင်ကျန်းပြည်နယ် အနောက်ဘက်စွန်းရှိ တိုက်ခန်းမီးလောင်မှုပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မီးသတ်သမားမှာ အသွားအလာ ကန့်သတ်ထားသည့် စီမံချက်များကြောင့် မီးလောင်ရာ တိုက်ခန်းရှိ ပြည်သူများကို ကယ်ဆယ်ရာ၌ နှောင့်နှေးခဲ့ပုံရကြောင်း ပျံ့နှံ့နေသော ဗီဒီယိုများက ညွှန်ပြထားသည်။

ထို့ကြောင့် ရှန်ဟိုင်းမြို့တော်မှ ပေကျင်းမြို့တစ်လျှောက် မြို့ခံများသည် မီးလောင်မှုမှာ သေဆုံးခဲ့သည့် လူ ၁၀ ဦးအတွက် ဝမ်းနည်းပူဆွေးမှုကို ပြသည့်အနေဖြင့် စုရုံးကာ ကိုဗစ် လုံးဝပပျောက်ရေး မူဝါဒကို ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။

တက္ကသိုလ် ကျောင်းဆောင်များတွင်လည်း ကျောင်းသားများသည် ဆန္ဒပြခြင်း သို့မဟုတ် ဆန္ဒပြ ပိုစတာ ကပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ လော့ခ်ဒေါင်းချခံထားရသော နေရာများတွင် မြို့ခံများသည် အတားအဆီးများကို ဖျက်ဆီးကာ လမ်းများပေါ်သို့ ပြန်လည်ထွက်ခဲ့ကြသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here