လာမည့်နွေရာသီတွင်လည်း ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးအချိန်ပိုင်းဖြင့်သာရရှိမည်

0
196

ရန်ကုန်တိုင်း၌ နွေရာသီတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဆောင်ရွက်သွားမည့်ကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၇ ရက်နံနက် ၉ နာရီခွဲကပြုလုပ်ခဲ့သည့် အစည်းအဝေးသို့တက်ရောက်ခဲ့သည့် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန် ၏ ပြောကြားချက်အရ သိရသည်။

လာမည့်နွေရာသီတွင် ပြည်သူလူထု၏ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်သော်လည်း ရရှိသည့် လျှပ် စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်းအလိုက် မျှ ဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူးပေးသွားမည့်အစီအမံများကို ချမှတ်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

အချိန်ပိုင်းအလိုက် ဓာတ်အားသုံးစွဲမှုပေးဝေချိန်များတွင်လည်း ရရှိသည့်အချိန်အတိုင်း အပြည့်အဝရရှိရန်၊ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရန် ဓာတ်အားခွဲရုံများအား ကြိုတင်ထိန်းသိမ်းပြု ပြင်ထားရမည်ဟု တိုက်တွန်းမှာကြားခဲ့သည်။

ဓာတ်အားပြတ်တောက်မှု၊ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့်ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရန် ဓာတ်အားလိုင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် သယ်ယူပို့ဆောင်ပေးနေသည့် ဓာတ်အားလိုင်းများတွင် လိုင်းတစ်လိုင်းအပြစ်ဖြစ်ပွားချိန်၌ လျှပ်စစ်ဓာတ်အားကို အခြားလိုင်းတစ်လိုင်းမှ ပြန်ပေးနိုင်ရန် စီမံဆောင်ရွက်ထားရမည်ဖြစ်ကာ ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်၍ မိ မိတို့လုပ်ဆောင်မှုများအား ပြည်သူများမှ နား လည်လက်ခံလာစေရန် ထိတွေ့ပြောဆိုချပြ ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ပြည်သူလူထုကို အရည်အသွေးပြည့်ဝတည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားတွေ စဉ်ဆက်မပြတ်ဖြန့် ဖြူးပေးနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောက်ရွက်ထားရှိမှုနှင့်ဆက် လက်ဆောက်ရွက်မည့် အခြေအနေများအား ရှင်း လင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here