အိန္ဒိယနိုင်ငံဈေးကွက်သို့ မြန်မာနိုင်ငံမှ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်ဆွေးနွေး

0
417

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နိုဝင် ဘာ ၂၇ ရက်နံနက်ပိုင်းက အိန္ဒိယ-မြန်မာ ကုန် သည်များအသင်းမှ အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊အိန္ဒိယနိုင်ငံ ဈေး ကွက်သို့ မြန်မာနိုင်ငံမှ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးနှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးနှင့်ကုန် သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here